တရုတ်နှင့် ဘော့ဆွာနာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် နှစ် ၅၀ ပြည့် အခါသမယတွင် ရှီကျင့်ဖိန်နှင့် ဘော့ဆွာနာ သမ္မတ ဘိုကိုတို့ ဂုဏ်ပြုသဝဏ်လွှာများ အပြန်အလှန် ပေးပို့
ဇန်နဝါရီလ ၆ ရက်နေ့တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဘော့ဆွာနာနိုင်ငံ သမ္မတ ဘိုကိုတို့သည် ဂုဏ်ပြုသဝဏ်လွှာများ အပြန်အလှန် ပေးပို့ပြီး နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် နှစ် ၅၀ ပြည့်မြောက်ခြင်းကို ထောမနာ ပြုခဲ့ကြပါသည်။
ရှီကျင့်ဖိန်၏ သဝဏ်လွှာတွင် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် နှစ် ၅၀ အတွင်း နိုင်ငံတကာ အခြေအနေ မည်သို့ပင် ပြောင်းလဲစေကာမူ တရုတ်နှင့် ဘော့ဆွာနာ ဆက်ဆံရေးသည် အစဉ်တစိုက် အရှိန်ကောင်းမွန်စွာဖြင့် ဖွံ့ဖြိုးတိုးတက်လာပြီး တန်းတူရည်တူ သဘောထားကြသော မိတ်ဆွေကောင်းနှင့် လက်တွဲ ဖွံ့ဖြိုးတိုးတက်သော မိတ်ဖက်ကောင်း ဖြစ်လာပါကြောင်း ဖော်ပြထားပါသည်။
ဘိုကို၏ သဝဏ်လွှာတွင် ဘော့ဆွာနာနှင့် တရုတ်နိုင်ငံတို့ သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် နှစ် ၅၀ ပြည့်မြောက်ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေးတွင် အရေးကြီးသည့် မှတ်တိုင်ပင် ဖြစ်ကြောင်း၊ အပြန်အလှန် ယုံကြည်ရေးနှင့် အပြန်အလှန် လေးစားရေး အခြေခံပေါ်တွင် နှစ်နိုင်ငံ ဆက်ဆံရေးကို တစ်ဆင့်တိုး တွန်းအားပေးရန် မျှော်လင့်ကြောင်း ရေးသားဖော်ပြထားပါသည်။