တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ဆွစ်ဇာလန်နိုင်ငံဖက်ဒရယ်ကောင်စီဥက္ကဋ္ဌ Karin Keller-Sutter ထံသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့

အရင်းအမြစ်:CRI   |    2025-01-02 17:28:52

ဇန်နဝါရီလ ၁ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် Karin Keller-Sutter ထံသို့ ဆွစ်ဇာလန်နိုင်ငံ ဖက်ဒရယ်ကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခြင်းအတွက် ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

သမ္မတ ရှီကျင့်ဖိန် က ၂၀၂၅ ခုနှစ်သည် တရုတ်-ဆွစ်ဇာလန်နှစ်နိုင်ငံ သံတမန် အဆက်အသွယ်ထားရှိခဲ့သည့် ၇၅ နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၇၅ နှစ် အတွင်းမှာ တရုတ်-ဆွစ်ဇာလန် နှစ်ဦးနှစ်ဖက်တို့သည် တန်းတူရည်တူရှိပြီး ဆန်းသစ်တီထွင်ကာ အပြန်အလှန်အကျိုးရှိစေသည့် ပူးပေါင်းဆောင်ရွက်ရေးစိတ်ဓာတ်ဖြင့် နယ်ပယ် အသီးသီး၌ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင် တိုးတက်မှုအသစ်များ အဆက်မပြတ် ရရှိရန် တွန်းအားပေးခဲ့ကြကြောင်း၊ မိမိအနေဖြင့် တရုတ်-ဆွစ်ဇာလန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် လွန်စွာအလေးထားပြီး အဆွေတော်ဥက္ကဋ္ဌနှင့်အတူ နှစ်နိုင်ငံ သံတမန်အဆက်အသွယ်ထားရှိခဲ့သည့် ၇၅နှစ် ပြည့်မြောက်သည့်နှစ်ကို အခွင့်ကောင်းအဖြစ် ထားကာ နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုကို တစ်ဆင့်တက်တိုးပွားစေပြီး အပြန်အလှန် အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေကာ တရုတ်-ဆွစ်ဇာလန် ဆန်းသစ်သော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို နှစ်နိုင်ငံပြည်သူများအား အကျိုးပြုစွမ်းဆောင်နိုင်ဖို့ ဆက်လက်တွန်းအားပေးရန် ဆန္ဒရှိကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ဆွစ်ဇာလန်နိုင်ငံဖက်ဒရယ်ကောင်စီဥက္ကဋ္ဌ Karin Keller-Sutter ထံသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့