ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်တို့သည် အမေရိကန် နိုင်ငံ ဝါရှင်တန် ပြည်နယ် အလယ်တန်း ကျောင်း ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများအား နှစ်ဦးဆုမွန်ကတ်ပြားကို ပြန်ပေး

အရင်းအမြစ်:CRI   |    2025-01-02 17:21:19

ယခုလ ၁ ရက်နေ့က တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်တို့သည် အမေရိကန် နိုင်ငံ ဝါရှင်တန် ပြည်နယ် အလယ်တန်းကျောင်း ဆရာဆရာမများနှင့် ကျောင်းသူ ကျောင်းသားများ၏ ကိုယ်စားလှယ်များအား နှစ်ဦးဆုမွန်ကတ်ပြားကို ပြန်ပေးပြီး နှစ်သစ် ဆုတောင်းမေတ္တာပို့ကြောင်း၊ ၂၀၂၅ ခုနှစ်သည် ဂျပန် ကျူးကျော်မှုကို တရုတ် ပြည်သူများ၏ ခုခံရေးစစ်နှင့် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ် အောင်ပွဲခံခဲ့သည့် နှစ်၈၀ပြည့်မြောက်သည့်နှစ် ဖြစ်ကြောင်း၊ ဒုတိယ ကမ္ဘာစစ် အတွင်း တရုတ်နှင့် အမေရိကန်တို့သည် ငြိမ်းချမ်းရေးနှင့် တရားမျှတမှု အတွက် အတူတကွ တိုက်ပွဲဝင်ခဲ့ကြပြီး နှစ်နိုင်ငံ ပြည်သူများ၏ ချစ်ကြည်ရေး သည် စစ်ပွဲ၏ စိန်ခေါ်မှုကို ခံနိုင်ခဲ့ကာ သမိုင်းကြာရှည်သော်လည်း သစ်လွင်နေဆဲ ဖြစ်ကြောင်း၊ တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံမှ လူငယ်များသည် “လာမည့် ၅နှစ် အတွင်း အမေရိကန် လူငယ် ၅သောင်းကို တရုတ်နိုင်ငံသို့ လာရောက်ပြီး ကူးလူးဖလှယ်မှုနှင့် လေ့လာမှု ပြုလုပ်ဖို့ ဖိတ်ခေါ်ခြင်း” အဆိုပြုချက်တွင် ဆက်လက် တက်ကြွစွာ ပါဝင်ပြီး အပြန်အလှန် သိရှိနားလည်မှုကို တိုးပွားစေကာ ချစ်ကြည်ရေး အစဉ်အလာကို လက်ဆင့်ကမ်း၍ တရုတ်-အမေရိကန် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာ ငြိမ်းချမ်းမှု တိုးမြှင့်ရေး အတွက် အကျိုးပြု စွမ်းဆောင်ရန် မျှော်လင့်ကြောင်း ဖော်ပြသည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်တို့သည် အမေရိကန် နိုင်ငံ ဝါရှင်တန် ပြည်နယ် အလယ်တန်း ကျောင်း ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများအား နှစ်ဦးဆုမွန်ကတ်ပြားကို ပြန်ပေး