စန်တုန်းပြည်နယ် ယန်ထိုင်မြို့တွင် အာရှ၏ အကြီးဆုံး ရေအောက် ရွှေသတ္တုတွင်းကြီး တွေ့ရှိခဲ့
အရင်းအမြစ်: ဟူပေနေ့စဥ်သတင်းစာ |
2025-12-18 18:55:00
တရုတ်နိုင်ငံ စန်တုန်းပြည်နယ် ယန်ထိုင်မြို့ ပြည်သူ့အစိုးရ သတင်းအချက်အလက်ဌာနမှ သိရသည်မှာ လိုင်ကျိုးမြို့ ဆန်ရှန်ကျွန်း ပင်လယ်ပြင်အရှေ့ပိုင်းတွင် တစ်နိုင်ငံလုံးအတွက် ထူးခြားပြီး အာရှတွင် အကြီးမားဆုံးဖြစ်သည့် ရေအောက်ရွှေသတ္တုတွင်းကြီး ကို ရှာဖွေတွေ့ရှိခဲ့သည်။
အဆိုပါမြို့တွင် စုစုပေါင်း ရွှေသိုလှောင်မှု ပမာဏသည် တန်ချိန် ၃၉၀၀ ကျော်ရှိပြီး ၎င်းသည် တရုတ်နိုင်ငံ၏ ရွှေသိုလှောင်မှု ပမာဏ၏ ၂၆ ရာခိုင်နှုန်းခန့်ရှိသည်ဟု သိရသည်။ ရွှေသိုလှောင်မှုပမာဏနှင့် ထုတ်လုပ်မှုပမာဏ နှစ်ခုစလုံးသည် တရုတ်နိုင်ငံတွင် ထိပ်ဆုံးနေရာ၌ ရှိနေသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ ဟူပေနေ့စဥ်သတင်းစာ
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး (မြန်မာနိုင်ငံသား)