မြန်မာနိုင်ငံသည် ကုန်စည်ပြပွဲတွင် အဓိကခင်းကျင်းပြသသော နိုင်ငံဖြစ်သည့် အားသာချက်ဖြင့် တရုတ်စျေးကွက်ကို တစ်ဆင့်တက်တိုးချဲ့ဆောင်ရွက်မည်
အရင်းအမြစ်:CRI |
2025-09-18 16:55:00
စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၊ တရုတ်-အာဆီယံ စီးပွားကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံရေး ထိပ်သီးအစည်း အဝေးကို တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နန်နင်းမြို့တွင် ကျင်းပနေပါသည်။ ယခုအကြိမ်ကုန်စည်ပြပွဲတွင် အဓိကခင်းကျင်းပြသသောနိုင်ငံအဖြစ် မြန်မာနိုင်ငံမှ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ကို စေလွှတ်ခဲ့ပြီး ကုန်စည်ပြပွဲတွင် ပြခန်းပေါင်း ၈၀ ခန့် ထားရှိကာ မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်၊ အစားအစာ၊ ကျောက်မျက်ရတနာနှင့် လက်မှုအနုပညာပစ္စည်း စသည့် အဓိက ကုန်ပစ္စည်းများကို ခင်းကျင်းပြသ၍ တရုတ် စျေးကွက်ကို တိုးချဲ့ရန် သန္နိဌာန်ကို ပြသခဲ့သည်။