သြဂုတ်လတွင် တရုတ်အမျိုးသားစီးပွားရေး လည်ပတ်မှုသည် ခြုံပြီးကြည့်လျှင် တည်ငြိမ်ပြီး တည်ငြိမ်မှုထဲတွင် တိုးတက်မှုရှိကြောင်း တရုတ်နိုင်ငံတော် စာရင်းအင်းဦးစီးဌာနဆို

တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးက ၁၅ ရက်နေ့ နံနက် ၁၀ နာရီတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ တရုတ်နိုင်ငံတော်စာရင်းအင်းဦးစီးဌာနမှပြောရေးဆိုခွင့်ရှိသူ၊ စီးပွားရေးပညာရှင်ချုပ်၊ အမျိုးသားစီးပွားရေး အထွေထွေစာရင်းအင်းဌာန ညွှန်ကြားရေးမှူးချုပ် Fu Linghuiသည် ၂၀၂၅ ခုနှစ် သြဂုတ်လတွင် တရုတ်အမျိုးသားစီးပွားရေး လည်ပတ်မှု အခြေအနေကို မိတ်ဆက်ခဲ့ပြီး သတင်းထောက်များ၏ မေးခွန်းများကိုလည်း ဖြေကြားခဲ့သည်။ တရုတ်အမျိုးသားစီးပွားရေးသည် ခြုံပြီးကြည့်လျှင် တည်ငြိမ်ပြီး တည်ငြိမ်မှုထဲတွင် တိုးတက်မှုရှိကြောင်း၊ ဩဂုတ်လတွင် သွင်းကုန်ပို့ကုန်ပမာဏမှာ စုစုပေါင်း ယွမ် ၃၈၇၄.၄ ဘီလီယံရှိပြီး ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၃.၅ ရာခိုင်နှုန်း တိုးမြင့်လာကာ အမျိုးသားစားသုံးသူစျေးနှုန်းညွှန်းကိန်း (CPI) သည် ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၀.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး လွန်ခဲ့သောလနှင့်နှိုင်းယှဉ်ကြည့်လျှင် တူညီနေကြောင်း ၎င်းက ပြောကြားခဲ့သည်။