တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးနှင့်ပတ်သက်၍ အမေရိကန်မှ ကန့်သတ်ရေး ဆောင်ရွက်ချက် များစွာ ထုတ်ပြန်ကျင့်သုံးခြင်းနှင့် စပ်လျဉ်း၍ တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန၏ တုံ့ပြန် ပြောဆိုချက်

အရင်းအမြစ်:CRI   |    2025-01-16 17:52:00

ယခုလ ၁၅ရက်နေ့က တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးနှင့်ပတ်သက်၍ အမေရိကန်မှ ကန့်သတ်ရေး ဆောင်ရွက်ချက်များစွာ ထုတ်ပြန်ကျင့်သုံးခြင်းနှင့် စပ်လျဉ်း၍ တုံ့ပြန်ပြောဆိုခဲ့သည်။

၎င်းပြောရေးဆိုခွင့်ရှိသူက မကြာသေးမီ အချိန်ပိုင်းက ဘိုင်ဒန် အစိုးရသည် တရုတ် နိုင်ငံနှင့် ကုန်သွယ်ရေးနှင့်ပတ်သက်၍ ကန့်သတ်ရေး ဆောင်ရွက်ချက်များစွာ ထုတ်ပြန် ကျင့်သုံးခဲ့ကြောင်း၊ အမေရိကန် အစိုးရသည် အမျိုးသား လုံခြုံရေးကို အကြောင်းပြုပြီး တရုတ် နိုင်ငံ အပေါ် Semiconductor တင်ပို့ရောင်းချရေး ထိန်းချုပ်မှုကို အဆက်မပြတ် အဆင့်မြှင့်တင်လာကာ တရုတ် နိုင်ငံထုတ် အင်တာနက်ချိတ်ဆက်ထားသောယာဉ်နှင့် သက်ဆိုင်ရာ ဆော့ဖ်ဝဲယာနှင့် ဟားဒ်ဝဲယာများကို အမေရိကန်တွင် အသုံးပြုမှုကို ကန့်သတ်၍ တရုတ် အပါအဝင် နိုင်ငံများ၏ ဒရုန်း စနစ် အပေါ် သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာနှင့် ဝန်ဆောင်မှု ဆိုင်ရာ လုံခြုံရေး စစ်ဆေးမှုကို ပြလုပ်ပြီး တရုတ် လုပ်ငန်း ကုမ္ပဏီများစွာကို အရေးယူ ပိတ်ဆို့မှု ကျင့်သုံးကြောင်း၊ ထို့အပြင်၊ တရုတ် လုပ်ငန်း ကုမ္ပဏီနှင့် အဖွဲ့အစည်းများစွာကို “နာမည်ဆိုး ဈေးကွက်” အဖြစ် သတ်မှတ်ထားကြောင်း၊ တရုတ် နိုင်ငံသည် အဆိုပါအချက်များ အပေါ် ပြင်းထန်စွာ မကျေမနပ် ဖြစ်ပြီး ပြတ်သားစွာ ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင်၊ ၎င်းပြောရေးဆိုခွင့်ရှိသူက ဘိုင်ဒန် အစိုးရမှ ကျင့်သုံးသည့် သက်ဆိုင်ရာ ဆောင်ရွက်ချက်များသည် တရုတ် လုပ်ငန်း ကုမ္ပဏီများ၏ တရားမျှတမှန်ကန်သည့် အခွင့်အရေးနှင့် အကျိုးစီးပွားများကို ပြင်းထန်စွာ ထိခိုက်စေခြင်း ဖြစ်ပြီး ဈေးကွက် စည်းမျဉ်းဥပဒေနှင့် နိုင်ငံတကာ စီးပွားကုန်သွယ်ရေး စည်းစနစ်ကို ဆိုးရွားစွာ ဖျက်ဆီးခြင်း ဖြစ်ကာ တစ်ကမ္ဘာလုံး ကုန်ထုတ်လုပ်ငန်း ကွင်းဆက်နှင့် ထောက်ပံ့ရေး ကွင်းဆက်၏ တည်ငြိမ်မှုကို ပြင်းထန်စွာ ခြိမ်းခြောက်ခြင်း ဖြစ်၍ အမေရိကန် လုပ်ငန်း ကုမ္ပဏီများ အပါအဝင် တစ်ကမ္ဘာလုံးရှိ နိုင်ငံ အသီးသီးမှ လုပ်ငန်း ကုမ္ပဏီများ၏ အကျိုးစီးပွားကို ထိခိုက်စေခြင်း ဖြစ်ကြောင်း၊ သက်ဆိုင်ရာ လုပ်ရပ်သည် စီးပွားရေး အရ အကျပ်ကိုင်မှုနှင့် အနိုင်ကျင့်မှု စင်စစ် ဖြစ်ပြီး ဆင်ခြင်မှု မရှိဘဲ တာဝန်မဲ့ကြောင်း၊ ယင်းသည် တရုတ်-အမေရိကန် စီးပွား ကုန်သွယ်ရေး ဆက်ဆံမှုကို ဖျက်ဆီးခြင်း ဖြစ်ပြီး ကမ္ဘာ့ စီးပွားရေး တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆိုးရွားစွာ ထိခိုက်စေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးနှင့်ပတ်သက်၍ အမေရိကန်မှ ကန့်သတ်ရေး ဆောင်ရွက်ချက် များစွာ ထုတ်ပြန်ကျင့်သုံးခြင်းနှင့် စပ်လျဉ်း၍ တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန၏ တုံ့ပြန် ပြောဆိုချက်