၂၀၂၄ခုနှစ်တွင် တရုတ်နိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် ရောင်းချမှုနှစ်ခုလုံး ၃၁ သန်းကျော်ရှိ
အရင်းအမြစ်:ဆင်ဟွာသတင်းဌာန |
2025-01-15 17:40:00
ဇန်နဝါရီလ ၁၃ရက်နေ့တွင် တရုတ်နိုင်ငံ မော်တော်ယာဉ်စက်မှုလုပ်ငန်းအသင်းမှ ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် ရောင်းချမှုပမာဏက ၃၁.၂၈၂ သန်းနှင့် ၃၁.၄၃၆ သန်း အသီးသီးရှိပြီး လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၃.၇ ရာခိုင်နှုန်းနှင့် ၄.၅ ရာခိုင်နှုန်း အသီးသီးတိုးလာကာ ထုတ်လုပ်မှုနှင့် ရောင်းချမှုပမာဏသည် ၂ နှစ်ဆက်တိုက် သန်း ၃၀ ကျော်သွားပြီဖြစ်ကြောင်း၊ ၎င်းတို့အနက် မော်တော်ယာဉ်အစီးရေ ၅.၈၅၉ သန်းကို တင်ပို့ရောင်ချခဲ့ပြီး လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၁၉.၃ ရာခိုင်နှုန်း တိုးများလာ၍ တရုတ်နိုင်ငံအား ကမ္ဘာ့အကြီးဆုံး မော်တော်ကားတင်ပို့ရောင်းချသည့် နိုင်ငံအဖြစ် ပိုမိုခိုင်မာစေကြောင်း သိရပါသည်။