ဗီဒီယိုတိုများ ရိုက်ကူးထုတ်လုပ်ရေးပြိုင်ပွဲတွင် ပါ၀င်ယှဥ်ပြိုင်ရန် ဖိတ်ခေါ်လျက်ရှိ

အရင်းအမြစ်:ယူနန်ပြည်နယ် ရုပ်မြင်သံကြားဌာနချုပ်    |    2024-06-24 17:35:00

ပဉ္စမအကြိမ် လန်ချန်း-မဲခေါင် ရုပ်မြင်သံကြားရက်သတ္တပတ်လှုပ်ရှားမှု၏ အင်တာနက် ရုပ်မြင်သံကြား “မျိုးဆက် Z”လန်ချန်း-မဲခေါင် ဗီဒီယိုတို XIU နှင့် “ဟယ်လို တရုတ်”ယူနန်ခရီးစဥ်ဗီဒီယိုတို ဖန်တီးမှုပြိုင်ပွဲကို ပါဝင်ယှဥ်ပြိုင်နိုင်ရန် ဗီဒီယိုလက်ရာများ ဖိတ်ခေါ်စုစည်းခြင်း စတင်ပြီဖြစ်ပါသည်။ စုစည်းမှုကာလသည် ၂၀၂၄ ခုနှစ် ဇွန်လ ၁၈ ရက်မှ သြဂုတ်လ ၃၁ ရက်အထိဖြစ်သည်။ ပါဝင်ယှဥ်ပြိုင်သူများ၏ လက်ရာများကို ပေးပို့ရန် လှိုက်လှဲစွာ ကြိုဆိုလျက်ရှိပါသည်။

"XIU" ကို အခြေခံအချက်ကို သတ်မှတ်ပြီး "ယဉ်ကျေးမှုကို ပြသခြင်း"၊ "နေထိုင်မှုဘဝ လက်တွေ့ခံစားခြင်း" နှင့် "စားကောင်းသောက်ဖွယ်များ သုံးဆောင်ခြင်း" စသည့် မတူညီသောအကြောင်းအရာများကို အာရုံစိုက်ကာ လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသနှင့် အခြားသော နိုင်ငံများမှ လူငယ်များအား ဗီဒီယိုတိုများ ဖန်တီးထုတ်လုပ်ရန်နှင့် တိုက်ရိုက်ထုတ်လွှင့်ရန် ဖိတ်ခေါ်နေခြင်းဖြစ်ပါသည်။

ပါဝင်ယှဥ်ပြိုင်မည့် ဗီဒီယို လက်ရာများတွင် ရိုက်ကူးမှုနည်းလမ်း၊ စတိုင်နှင့် ဘာသာစကားကို ကန့်သတ်မထားပေ။ ကြာချိန်သတ်မှတ်ချက်သည် ၃၀ စက္ကန့်မှ ၅ မိနစ်အကြားဖြစ်ပြီး တရုတ်စာတန်းထိုးပါဝင်ရမည်ဖြစ်ကာ ကြည်လင်ပြတ်သားမှု 1921*1080 ထက်မနည်းသော MP4 ဖော်မတ်ဖြစ်ရပါမည်။ ပါဝင်ယှဥ်ပြိုင်မည့် ဗီဒီယို လက်ရာများကို hi_china@126.com သို့ အီးမေးလ်ဖြင့် ပေးပို့ရမည်ဖြစ်ပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်ပြည်နယ် ရုပ်မြင်သံကြားဌာနချုပ်
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး(မြန်မာနိုင်ငံသား)

ဗီဒီယိုတိုများ ရိုက်ကူးထုတ်လုပ်ရေးပြိုင်ပွဲတွင် ပါ၀င်ယှဥ်ပြိုင်ရန် ဖိတ်ခေါ်လျက်ရှိ