“မျိုးဆက် Z”လန်ချန်း-မဲခေါင် ဗီဒီယိုတို XIU နှင့် “ဟယ်လို တရုတ်”ယူနန်ခရီးစဥ်စတင်ခဲ့
ပဉ္စမအကြိမ် လန်ချန်း-မဲခေါင် ရုပ်မြင်သံကြားရက်သတ္တပတ်လှုပ်ရှားမှု၏ “မျိုးဆက် Z”လန်ချန်း-မဲခေါင် ဗီဒီယိုတို XIU နှင့် “ဟယ်လို တရုတ်”ယူနန်ခရီးစဥ်စတင်ခြင်းအခမ်းအနားကို ဇွန်လ ၁၈ ရက်တွင် ယူနန်တိုင်းရင်းသား လူမျိုးစုတက္ကသိုလ်တွင် ကျင်းပခဲ့ပါသည်။
ဤအစီအစဉ်တွင် ဗီဒီယိုအတိုဖန်တီးခြင်းပြိုင်ပွဲ၊ နိုင်ငံတကာလူငယ် အော့ဖ်လိုင်း ဖန်တီးရေးစခန်း၊ ထူးချွန်ဆုရ လက်ရာများ ပြပွဲစသည်တို့ကို စီမံထားပြီး ဇွန်လမှ အောက်တိုဘာလအထိ ကြာမြင့်မည်ဖြစ်သည်။ အဆိုပါစတင်ခြင်း အခမ်းအနားတွင် ယခင်က ကျင်းပသော လှုပ်ရှားမှု၏ ဗီဒီယိုအတိုများကို ပြသခဲ့ပြီး ဖန်တီးရေးစခန်းတွင် ပါဝင်သည့် အဖွဲ့ဝင်များအား တီထွင်ဖန်တီးမှု စိတ်ကူးစိတ်သန်းများ ပံ့ပိုးပေးပါသည်။ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားကျွမ်းကျင်သူများ၊ နိုင်ငံတကာ ခရီးသွား ဓာတ်ပုံဆရာများနှင့် လူမှုမီဒီယာကျွမ်းကျင်သူများကို ပရော်ဖက်ရှင်နယ် အသိပညာ လေ့ကျင့်မှု နှင့် အတွေ့အကြုံများ မျှဝေပေးရန် ဖိတ်ကြားထားပါသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ YUNNAN GATEWAY
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး(မြန်မာနိုင်ငံသား)