ပဉ္စမအကြိမ် လန်ချန်း-မဲခေါင် ရုပ်မြင်သံကြားရက်သတ္တပတ်လှုပ်ရှားမှု ကျင်းပမည်

အရင်းအမြစ်:ယူနန်နေ့စဥ်သတင်းစာ   |    2024-06-11 11:53:00

တရုတ်နိုင်ငံ အမျိုးသားရုပ်မြင်သံကြားဌာနချုပ်၊ ဗီယက်နမ်သတင်းဆက်သွယ်ရေးနှင့် ပြန်ကြားရေး ဝန်ကြီးဌာန၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့ ဦးစီးကျင်းပသော ပဉ္စမအကြိမ် လန်ချန်း-မဲခေါင် ရုပ်မြင်သံကြားရက်သတ္တပတ်လှုပ်ရှားမှုကို ဇွန်လ ၁၇ ရက်မှ ၂၂ ရက်အထိ ကူမင်းမြို့နှင့် ယွီရှီးမြို့ တို့၌ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။ ယခုအကြိမ် ရုပ်မြင်သံကြားရက်သတ္တပတ်လှုပ်ရှားမှုသည် “တောတောင်ရေမြေဆက်စပ်၊ ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်များ ဆက်ခံ”ဟူသော ဆောင်ပုဒ်ဖြင့် တရုတ်နှင့် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံများ အသီးသီးတို့၏ တစ်မူထူးခြားသော ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်များ ပြသခြင်းမှတစ်ဆင့် နိုင်ငံအသီးသီးမှ ပြည်သူပြည်သားများအကြား အပြန်အလှန် သိရှိနားလည်မှုနှင့် ယုံကြည်မှုတို့အား စဥ်ဆက်မပြတ် မြှင့်တင်ရန်လည်းကောင်း၊ နိုင်ငံအသီးသီးတို့၏ ယဥ်ကျေးမှုများ ပူးပေါင်းဆောင်ရွက်မှုတွင် အမွေဆက်ခံခြင်း၊ တီထွင် ဆန်းသစ်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်း အစရှိသည်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်လည်းကောင်း ရည်ရွယ်ထားပါသည်။

ယခုအကြိမ် ရုပ်မြင်သံကြားရက်သတ္တပတ်လှုပ်ရှားမှု ကျင်းပမည့်ကာလအတွင်း အင်တာနက် ရုပ်မြင်သံကြား လန်ချန်း-မဲခေါင် XIU ဖွင့်ပွဲအခမ်းအနား၊ လက်ရာမြောက် ရုပ်မြင်သံကြားအစီအစဥ်များ ထုတ်လွှင့်ပြသခြင်း၊ “Audiovisual တရုတ်-ဗီယက်နမ်သို့ ၀င်ရောက်ခြင်း” ထူးခြားပြောင်မြောက်သော တရုတ်ဇာတ်လမ်းများကို ဗီယက်နမ်၌ ထုတ်လွှင့်ပြသခြင်းအစီအစဥ်စသည့် အစီအစဥ် ၆ ခုကို ကျင်းပမည်ဖြစ်သည်။ လန်ချန်း-မဲခေါင် ရုပ်မြင်သံကြားနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်များကို တင်ပြပြီး လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသတွင် ရုပ်မြင်သံကြားဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ အာရှအေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်မှုကို အရှိန်မြှင့်တင်ရန်အတွက် ရုပ်မြင်သံကြား နယ်ပယ်၏ စွမ်းအားကို ပို၍ပို၍ ပံ့ပိုးပေးမည်ဖြစ်ပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်နေ့စဥ်သတင်းစာ
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး(မြန်မာနိုင်ငံသား)

ပဉ္စမအကြိမ် လန်ချန်း-မဲခေါင် ရုပ်မြင်သံကြားရက်သတ္တပတ်လှုပ်ရှားမှု ကျင်းပမည်