မော့ထျောက ဘယ်လောက်များ လှနေပါသလဲ

အရင်းအမြစ်:"မင်္ဂလာ"မဂ္ဂဇင်း   |    2024-04-11 18:47:24

မော့ထျောခရိုင်သည် “တရုတ်နိုင်ငံ၏ အလှဆုံး ခရိုင်များ စာရင်းဝင်”အဖြစ် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် ၂ နှစ်ဆက်တိုက် အရွေးခံခဲ့ရပါသည်။ အဆိုပါ အမည်စာရင်းသည် ခရိုင်များ၏ ဂေဟစနစ်အလှတရား၊ ယဉ်ကျေးမှုအလှတရားနှင့် ကုန်ထုတ်လုပ်ငန်းအလှတရားတို့ကို စံထား၍ အကဲဖြတ် ရွေးချယ်ခြင်း ဖြစ်လေသည်။ ၂ နှစ်ဆက်တိုက် အရွေးခံခဲ့ရသည့် မော့ထျောခရိုင်က ဘယ်လောက်များ လှနေပါသလဲ။

မော့ထျောသည် ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အရှေ့တောင်ပိုင်းဒေသ၌ တည်ရှိ၍ ဆီးနှင်းကုန်းပြင်မြင့်ထဲတွင် မြှုပ်ထားသည့် အပူပိုင်းတောအုပ် ဖြစ်သည်။ ကမ္ဘာ့အနက်ရှိုင်းဆုံး၊ အမတ်စောက်ဆုံး ယားလုဇန့်ပု လျှိုမြောင်ကြီး၌ အဆိုပါ ပြည့်ဖြိုးစိုပြည်သော သုခဘုံ တည်ရှိနေပေသည်။ မော့ထျောသည် ကြွယ်ဝသော သဘာဝအံ့ဖွယ်ရှုမျှော်ခင်းများ၊ ကြွယ်ဝများပြားသော မန်လော့ယဉ်ကျေးမှု ဓလေ့စရိုက်များ (တရုတ်တိုင်းရင်းသားလူမျိုး လော့ပါးလူမျိုးနှင့် မန်ပါးလူမျိုးတို့၏ ယဉ်ကျေးမှုကို ရည်ညွှန်းပါသည်)နှင့် လူမှုယဉ်ကျေးမှုဆိုင်ရာ ရှုမျှော်ခင်းများကို ပိုင်ဆိုင်ထားပါသည်။

မော့ထျောက ဘယ်လောက်များ လှနေပါသလဲ