ဖြတ်သွားသည့် မြို့သူမြို့သားများက ငွေသာရှင်းပြီး ကြံများမယူ၊ “ရောင်းသူမဲ့ ကြံဆိုင်”၏ နောက်ကွယ်က နှလုံးသားကို နွေးထွေးစေသော အကြောင်း

အရင်းအမြစ်:CCTV NEWS၊ နန်နင်းမီဒီယာစင်တာ   |    2024-12-30 11:26:52

ယခုရက်ပိုင်းတွင် ရောင်းသူမဲ့ ကြံဆိုင်တစ်ခုသည် ကွမ်ရှီးဆေးတက္ကသိုလ် တွဲဖက်အမှတ် ၁ ဆေးရုံ အနီးတွင် ဖွင့်လှစ်ထားရာ မြို့သူမြို့သားအများအပြားသည် လက်ကိုင်ဖုန်းဖြင့် QR ကုဒ် စကင်ဖတ်ကာ ငွေပေးချေသော်လည်း ကြံများကို အဘယ်ကြောင့် မယူခဲ့ကြသနည်း။

ဤရောင်းသူမဲ့ ကြံဆိုင်၏ ပိုင်ရှင်မှာ ကွမ်ရှီချင်းကျိုးမြို့မှ မိန်းကလေးတစ်ဦးဖြစ်ပြီး ဟွမ်တယ်ဖုန် ဟု ခေါ်သည်။ ယခုနှစ်အောက်တိုဘာလကုန်တွင် သူမ၏ အသက် ၁၆ နှစ်အရွယ်ရှိ မောင်လေးအား ဆေးကုသရန် နန်နင်းမြို့သို့ ရောက်ရှိလာခဲ့ကြသည်။ ဆေးကုသစရိတ်များ စုဆောင်းရန်နှင့် မောင်လေးအား စောင့်ရှောက်ရန်အတွက် ဆေးရုံအနီးတွင် ဤရောင်းသူမဲ့ ကြံဆိုင်ကို ခင်းကျင်း ဖွင့်လှစ်ခဲ့သည်။ ရက်အနည်းငယ်အတွင်းမှာပင် ဟွမ်တယ်ဖုန်သည် မေတ္တာအလှူငွေ ယွမ် ၄၀၀၀၀ ကျော်ကို လက်ခံရရှိခဲ့သည်။

လက်ရှိ ဆေးဝါးကုသမှုခံယူပြီးနောက် ဟွမ်တယ်ဖုန်၏ မောင်လေး၏ ကျန်းမာရေးအခြေအနေမှာ အတော်လေး တည်ငြိမ်နေပြီဖြစ်သည်။ ကမ္ဘာကြီး သက်ရှည်ကျန်းမာပြီး အနာတရ ကင်းဝေးပါစေဟု ဆုတောင်းပေးလိုက်ပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ CCTV NEWS၊ နန်နင်းမီဒီယာစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး(မြန်မာနိုင်ငံသား)

ဖြတ်သွားသည့် မြို့သူမြို့သားများက ငွေသာရှင်းပြီး ကြံများမယူ၊ “ရောင်းသူမဲ့ ကြံဆိုင်”၏ နောက်ကွယ်က နှလုံးသားကို နွေးထွေးစေသော အကြောင်း