တရုတ်-မြန်မာနှစ်နိုင်ငံ ကျောင်းသူကျောင်းသားများသည် ရွှေလီမြို့တွင် အနုပညာဖြင့် ချစ်ကြည်ရေးပေါင်းကူးတံတားတစ်စင်း တည်ဆောက်ခဲ့
ဒုတိယအကြိမ် မူလတန်းနဲ့အလယ်တန်းကျောင်း စာရိတ္တပညာရေးရလဒ် တင်ဆက်မှုအခမ်းအနားကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် တရုတ်-မြန်မာနယ်စပ် ကျယ်ဂေါင်နန်းတော်ဂိတ်မှာကျင်းပခဲ့ပါတယ်။
အဆိုပါအခမ်းအနားတွင် ရွှေလီမြို့ ကျယ်ဂေါင်နန်းတော်ဂိတ် မူလတန်းကျောင်းမှ တရုတ်-မြန်မာ မူလတန်း ကျောင်းသားကျောင်းသူပေါင်း ၄၆၃ ဦးက စင်မြင့်ထက်မှာ တင်ဆက်ဖျော်ဖြေခဲ့ကြပြီး အနုပညာနဲ့ ချစ်ကြည်ရေးပေါင်းကူးတံတားတစ်စင်း တည်ဆောက်ခဲ့ကြပါတယ်။ တရုတ်-မြန်မာ ကျောင်းသားကျောင်းသူများက “နန်းတော်ဂိတ်လွယ်အိတ်ငယ်လေး” “ဆွေမျိုးပေါက်ဖော်အက” “တစ်မြစ်ထဲရေအတူသောက်သုံး” စတဲ့ အစီအစဉ်များကို အတူတကွ တင်ဆက်ဖျော်ဖြေခဲ့ကြကာ အဆိုအက၊ ကဗျာရွတ်ဖတ်ခြင်း၊ အေရိုးဗစ်၊ ပြဇာတ်စတဲ့ ယဉ်ကျေးမှုအနုပညာအစီအစဉ်များကလည်း စိတ်ဝင်စားဖွယ်ရာကောင်းလှပါတယ်။
ထို့အပြင် တရုတ်-မြန်မာ မူလတန်းကျောင်းသားကျောင်းသူများရဲ့ ပန်းချီပြခန်း၊ လက်မှုပညာပြခန်း၊ တရုတ်-မြန်မာ အစားအသောက် ပရဟိတအရောင်းပွဲစတဲ့ လှုပ်ရှားမှုအစီအစဉ်များလည်း ကျင်းပခဲ့ပါတယ်။
ဆောင်းပါးအရင်းအမြစ် ။ ။ ရွှေလီမြို့မီဒီယာစင်တာ
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး(မြန်မာနိုင်ငံသား)