အုန်းပင်တက်ခြင်းကို အားကစားပြိုင်ပွဲအဖြစ် သတ်မှတ်သည်ကို ကြားဖူးပါသလား
၁၂ ကြိမ်မြောက် တရုတ်နိုင်ငံ ပြည်လုံးဆိုင်ရာ တိုင်းရင်းသားရိုးရာအားကစားပွဲတော်၏ အုန်းပင်တက်ပြိုင်ပွဲတွင် ဟိုင်နန်ပြည်နယ်မှ လက်ရွေးစင်ပြိုင်ပွဲဝင်များသည် အမျိုးသားအဖွဲ့ပြိုင်ပွဲနှင့် အမျိုးသမီးအဖွဲ့ပြိုင်ပွဲ နှစ်ခုစလုံးတို့၏ ပထမဆု ရရှိခဲ့သည်။ သူတို့ ဘယ်လောက်မြန်မြန် တက်နိုင်ခဲ့သလဲ။ အမျိုးသားအဖွဲ့ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်သည် အမြင့် ၉ မီတာရှိ အုန်းပင်ထိပ်သို့ ၆ ဒသမ ၁၈ စက္ကန့်ဖြင့် အမြန်ဆုံး တက်နိုင်ခဲ့သည်။ အမျိုးသမီးအဖွဲ့ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်သည် အမြင့် ၇ မီတာရှိ အုန်းပင်ထိပ်သို့ ၆.၆၃ စက္ကန့်ဖြင့် တက်ခဲ့သည်။
အမှန်အားဖြင့် အုန်းပင်တက်ပြိုင်ပွဲသည် ယခုနှစ် တရုတ်နိုင်ငံ ပြည်လုံးဆိုင်ရာ တိုင်းရင်းသားရိုးရာအားကစားပွဲတော်တွင် ထည့်သွင်းထားသော ပြိုင်ပွဲသစ်တစ်ခုဖြစ်သည်။ ဟိုင်နန်ပြည်နယ်တွင် သစ်ပင်တက်ခြင်း၊ လက်ဗလာဖြင့် အုန်းသီးကောက်ခြင်းသည် ဒေသခံပြည်သူများအတွက် ရိုးရာအလုပ်မြင်ကွင်းတစ်ခုဖြစ်သကဲ့သို့ ဟိုင်နန်နယ်သူနယ်သားများအတွက် ဖျော်ဖြေရေးအစီအစဉ်တစ်ခုလည်းဖြစ်သည်။ “ကျွန်တော် ငယ်ငယ်က အုန်းပင်ပေါ်တက်ပြီး လတ်ဆတ်အေးမြတဲ့ အုန်းရေသောက်ခဲ့တယ်" အမျိုးသားအဖွဲ့ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော လောချွမ်က ပြန်လည်တွေးမိ၍ ပြောဆိုသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ ဆင်ဟွာသတင်းဌာန
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး(မြန်မာနိုင်ငံသား)