၂၀၂၄ ခုနှစ် တရုတ်နိုင်ငံ နိုင်ငံတကာခရီးသွားကုန်စည်ပြပွဲကို ရှန်ဟိုင်းမြို့တွင် ကျင်းပ

အရင်းအမြစ်: CCTV NEWS   |    2024-11-25 17:48:00

၂၀၂၄ ခုနှစ် တရုတ်နိုင်ငံ နိုင်ငံတကာခရီးသွားကုန်စည်ပြပွဲ ဖွင့်ပွဲကို နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့သည်။

ယခုအကြိမ်ကုန်စည်ပြပွဲ၏ ဆောင်ပုဒ်မှာ "မင်္ဂလာပါ၊ တရုတ်" ဖြစ်သည်။ ပြပွဲကာလမှာ ၃ ရက် ဖြစ်ပြီး ပြပွဲဧရိယာသည် ခန့်မှန်းခြေအားဖြင့် ၅၃,၀၀၀ စတုရန်းမီတာ ကျယ်ဝန်းကာ အကြောင်းအရာအလိုက် ပြပွဲဧရိယာ ၆ ခု ခင်းကျင်းပြသထားသည်။

အဆိုပါ ကုန်စည်ပြပွဲသည် နိုင်ငံနှင့်ဒေသပေါင်း ၈၀ ကျော်မှ နိုင်ငံတကာဧည့်သည် ၁၀၀၀ ကျော်နှင့် နိုင်ငံရပ်ခြား ခရီးသွားလုပ်ငန်းကိုယ်စားလှယ် ၆၀၀ နီးပါး ပါဝင်တက်ရောက်ရန် ဆွဲဆောင်ခဲ့သည်။ ထို့အတူ ဝယ်သူနှင့် ရောင်းချသူများအကြား အော့ဖ်လိုင်း ကျွမ်းကျင်ညှိနှိုင်းမှုဆွေးနွေးပွဲ ၆၀၀ ကျော်ကို ကျင်းပခဲ့ပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ CCTV NEWS
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး(မြန်မာနိုင်ငံသား)

၂၀၂၄ ခုနှစ် တရုတ်နိုင်ငံ နိုင်ငံတကာခရီးသွားကုန်စည်ပြပွဲကို ရှန်ဟိုင်းမြို့တွင် ကျင်းပ