တရုတ်နိုင်ငံတွင် အားသွင်းအခြေခံအဆောက်အအုံ အလုံးရေ ၁၂ သန်းနီးပါးရှိ
အရင်းအမြစ်:CRI |
2024-11-22 17:20:00
တရုတ် EV ကား အားသွင်းအခြေခံအဆောက်အအုံမြှင့်တင်ရေးသမဂ္ဂမှ နောက်ဆုံးထုတ် အချက်အလက်များအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ တရုတ်နိုင်ငံတွင် အားသွင်းအခြေခံအဆောက်အအုံ အလုံးရေ ၃.၂၈၈ သန်း တိုးများလာပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၁၉.၈% တိုးများလာကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ တရုတ်နိုင်ငံတွင် အားသွင်းအခြေခံအဆောက်အအုံစုစုပေါင်း အလုံးရေ ၁၁.၈၈၄ သန်းရှိပြီး လွန်ခဲ့သည့်နှစ်အလားတူ အချိန်ပိုင်းကထက် ၄၉.၄% တိုးများလာခဲ့သည်။ တရုတ်နိုင်ငံတွင် အသင့်အတင့် ကောင်းမွန်ပြည့်စုံသော အားသွင်း ခြင်းနှင့် ဓာတ်ခဲလဲလှယ်ခြင်း ဝန်ဆောင်မှုပေးရေး ကွန်ရက်ကို ပဏာမအားဖြင့် တည်ဆောက်ထားပြီးဖြစ်သည်။