တရုတ်နိုင်ငံတဝှမ်း အနိမ့်ဆုံးလုပ်ခလစာစံနှုန်းက ဘယ်လောက်လဲ

အရင်းအမြစ်:CCTV NEWS   |    2024-10-28 16:31:59

မကြာသေးမီက တရုတ်နိုင်ငံ လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ တရုတ်နိုင်ငံ၏ အနိမ့်ဆုံးလုပ်ခလစာစံနှုန်းများကို ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ အနိမ့်ဆုံးလုပ်ခလစာစံနှုန်းကဏ္ဍတွင် ရှန်ဟိုင်းမြို့၏ စံနှုန်းသည် အမြင့်ဆုံးဖြစ်ပြီး ယွမ် ၂၆၉၀ ရှိကြောင်း၊ ကျန်းစူးပြည်နယ်နှင့် ကျဲ့ကျန်းပြည်နယ်တို့၏ ပထမအဆင့် အနိမ့်ဆုံးလုပ်ခလစာစံနှုန်းမှာ ယွမ် ၂၄၉၀ ရှိကြောင်း၊ ကျီလင်ပြည်နယ်၊ ဟူနန်ပြည်နယ်နှင့် ယူနန်ပြည်နယ်စသည့် ဒေသများ၏ အနိမ့်ဆုံးလုပ်ခလစာစံနှုန်းသည် အနည်းငယ် ပြောင်းလဲမြင့်တက်လာကြောင်း သိရှိရပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ CCTV NEWS
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး(မြန်မာနိုင်ငံသား)

တရုတ်နိုင်ငံတဝှမ်း အနိမ့်ဆုံးလုပ်ခလစာစံနှုန်းက ဘယ်လောက်လဲ