ထိုင်းနိုင်ငံသည် ပြည်ဝင်ခွင့်ကတ်ပယ်ဖျက်ခြင်းဆိုင်ရာမူဝါဒကို ၆ လ ထပ်မံသက်တမ်းတိုး

အရင်းအမြစ်:တရုတ်သတင်းကွန်ရက်   |    2024-10-21 13:47:00

 

ပြည်ဝင်ခွင့်ကတ်ပယ်ဖျက်ရေးဆိုင်ရာမူဝါဒကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၆ ရက်မှ ၂၀၂၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ ၆ လ ထပ်မံသက်တမ်းတိုးမည်ဖြစ်ကြောင်း ထိုင်းအစိုးရက အောက်တိုဘာလ ၁၅ ရက်တွင် ကြေညာခဲ့သည်။

အဆိုပါမူဝါဒကို အကောင်အထည်ဖော်နေစဉ်အတွင်း ထိုင်းနိုင်ငံသို့လာရောက်လည်ပတ်သည့် တရုတ်ခရီးသွားများအားလုံး နိုင်ငံတွင်းဝင်ရောက်ရန် လူဝင်မှုကြီးကြပ်ရေးကတ်ပြားကို ဖြည့်သွင်းရန် မလိုအပ်ပါ။

ကိန်းဂဏန်းများအရ ၂၀၂၄ ခုနှစ် ပထမကိုးလအတွင်း ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်သော တရုတ်ခရီးသွားဧည့်သည် ၅.၃သန်းကျော် ရှိခဲ့ပြီး အလားတူကာလထက် ၁၁၂% တိုးမြင့်လာကြောင်း သိရသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ တရုတ်သတင်းကွန်ရက်
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး(မြန်မာနိုင်ငံသား)

ထိုင်းနိုင်ငံသည် ပြည်ဝင်ခွင့်ကတ်ပယ်ဖျက်ခြင်းဆိုင်ရာမူဝါဒကို ၆ လ ထပ်မံသက်တမ်းတိုး