တရုတ်-မြန်မာချစ်ကြည်ရေးစာသင်ကျောင်း အထက(ခွဲ) ငမဲအိုင်အား သင်ထောက်ကူပစ္စည်းများလှူဒါန်းခြင်း အခမ်းအနား အောင်မြင်စွာကျင်းပ
တရုတ်-မြန်မာချစ်ကြည်ရေးစာသင်ကျောင်း ဧရာဝတီတိုင်းဒေသကြီး အထက(ခွဲ) ငမဲအိုင်ကျောင်းသို့ သင်ထောက်ကူပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားကို စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၌ အောင်မြင်စွာကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Li Qianguo ၊ ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတိုးဝင်း၊ တရုတ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း မြန်မာနိုင်ငံဆိုင်ရာရုံး Country Director Ms. Lin Yuan နှင့် ဒေသခံပညာရေးအဖွဲ့အစည်း၊ ကျောင်းဆရာဆရာမနှင့်ကျောင်းသားကျောင်းသူ ကိုယ်စားလှယ်များ စုစုပေါင်း လူအယောက် ၃၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ တရုတ်-မြန်မာချစ်ကြည်ရေးစာသင်ကျောင်း အထက(ခွဲ) ငမဲအိုင်တွင် လက်ရှိ ကျောင်းသားကျောင်းသူပေါင်း ၄၀၀ ကျော် ပညာသင်ကြားလျက်ရှိပါသည်။
ယခုသင်ထောက်ကူပစ္စည်းများလှူဒါန်းခြင်း အခမ်းအနားတွင် တရုတ်သံရုံးမှ အဆိုပါကျောင်းအား စာသင်ရန် စားပွဲခုံနှင့် ထိုင်ခုံ၊ စာရေးကိရိယာများ လှူဒါန်းခဲ့ပြီး သင်ထောက်ကူပစ္စည်းများနှင့် သင်ကြားရေးပတ်ဝန်းကျင် တိုးတက်ကောင်းမွန်လာစေရန် ကူညီပေးခဲ့သည်။
ဆောင်းပါးအရင်းအမြစ် ။ ။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး (မြန်မာနိုင်ငံသား)