တရုတ် ပထမအသုတ် ကော်ဖီမေဂျာအထူးပြု ဘွဲ့ကြိုကျောင်းသားများ ကော်ဖီသောက်ရင်း အတန်းတက်ကြသည်
အရင်းအမြစ်:ဆင်ဟွာသတင်းဌာန |
2024-09-20 18:50:24
မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ၏ ကော်ဖီထုတ်လုပ်မှုလုပ်ငန်းသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခဲ့ပါသည်။ ကော်ဖီနယ်ပယ်တွင် နည်းပညာဆိုင်ရာ အရည်အသွေးမြင့် ကျွမ်းကျင်ထူးချွန်သူများကို ပြုစုပျိုးထောင်ရန်အတွက် ယူနန်လယ်ယာစိုက်ပျိုးရေးတက္ကသိုလ်က တရုတ်နိုင်ငံ၏ ပထမဆုံး "ကော်ဖီသိပ္ပံနှင့် အင်ဂျင်နီယာ" ဘွဲ့ကြိုမေဂျာကို ၂၀၂၄ ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။
တရုတ်နိုင်ငံ၏ ပြည်နယ်၊ မြို့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၁၁ ခုမှ ပထမအသုတ် ကျောင်းသူကျောင်းသားများသည် တက္ကသိုလ်ဘဝသစ်ကို စတင်ခဲ့ကြပါသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ ဆင်ဟွာသတင်းဌာန
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဒေါက်တာထိုက်လွင်ကို(မြန်မာနိုင်ငံသား)