တရုတ်တောင်ပင်လယ် ပြဿနာကို လှုံ့ဆော်သူတိုင်းအား တရုတ်က ပြတ်ပြတ်သားသား တန်ပြန်တုံ့ပြန်သွားမည်ဟု တရုတ်နိုင်ငံတော်ကာကွယ်ရေး ဝန်ကြီးဌာနဆို
စက်တင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံတော်ကာကွယ်ရေး ဝန်ကြီးဌာန သတင်းပြန်ကြားရေးရုံး ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝူချန်း က Xianbin Reef (Sabina Shoal) အပါအဝင် နန်ရှား ကျွန်းစုသည် တရုတ်နိုင်ငံ၏ မွေးရာပါ ပိုင်နက်နယ်မြေ ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ပင်လယ်ရပ်ဝန်းဒေသအတွင်း တရုတ်နိုင်ငံက အခွင့်အရေး ထိန်းသိမ်း ကာကွယ်ပြီး ဥပဒေစိုးမိုးခြင်းသည် ကျိုးကြောင်းဆီလျော်ပြီး ဥပဒေကြောင်းအရ ပရော်ဖက်ရှင်နယ်ဖြစ်သော ဆောင်ရွက်မှုဖြစ်ကြောင်း၊ အမေရိကန်သည် တောင်ပင်လယ်ပြဿနာနှင့်ပတ်သက်သူ မဟုတ်ဘဲ တရုတ်-ဖိလစ်ပိုင်အကြား တောင်ပင်လယ်ဆိုင်ရာ အငြင်းပွားမှုတွင် ဝင်ရောက်စွက်ဖက်ခွင့် မရှိသလို နှစ်ဖက် သဘောတူစာချုပ်များကို အကြောင်းပြုပြီး တရုတ်နိုင်ငံ၏ ပိုင်နက်နယ်မြေ အချုပ်အခြာအာဏာပိုင်မှုနှင့် ရေပိုင်နက်ဆိုင်ရာ အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ထိခိုက်စေရန် ပြုလုပ်၍မရကြောင်း၊ တောင်ပင်လယ်ဒေသတွင် မည်သူမဆို ပြဿနာဖြစ်စေပြီး တရုတ်နိုင်ငံ၏ ပိုင်နက်နယ်မြေအချုပ်အခြာအာဏာနှင့် ရေကြောင်းဆိုင်ရာ အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ထိခိုက်လျှင် တရုတ်ပြည်အနေနှင့် ထိရောက်သော ဆောင်ရွက်မှုများဖြင့် ပြတ်ပြတ်သားသား၊ ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း အလေးထားဖော်ပြပါသည်။