မန်စီမြို့၏ အထူးထုတ်ကုန်များအား ၈ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲတွင် ပြသခဲ့

အရင်းအမြစ်:မန်စီမြို့မီဒီယာစင်တာ   |    2024-08-01 19:55:00

၈ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲတွင် တယ်ဟုန်ပြည်နယ်ခွဲ မန်စီမြို့က ပြခန်းအဖွဲ့စေလွှတ်ကာ ကောင်းမွန်သော ဒေသထွက် အထူးထုတ်ကုန်များကို ပြသခဲ့ပါသည်။ တရုတ်-တောင်အာရှကုန်စည်ပြပွဲအတွက် တစ်မူထူးခြားသော မန်စီစတိုင်ကို ထည့်သွင်းပေးခဲ့ပါသည်။

မန်စီကျဲဖန့်နန်းတွင်းသုံးဆန်ကုမ္ပဏီလီမိတက်မှ ပါဝင်ပြသသူ ချိန်ချင့်ဟုန်က “ကျဲဖန့်နန်းတွင်းသုံးဆန်ဟာ ရှေးဟောင်းဆန်စပါးတစ်မျိုးဖြစ်ပါတယ်။ ထူးခြားတဲ့ အရသာ၊ အမွှေးရနံ့နဲ့ အာဟာရတန်ဖိုးရှိတဲ့အတွက်ကြောင့် နာမည်ကျော်ကြားပါတယ်။ ‘နန်းတွင်းသုံးဆန်’လို့ တင်စားကြပါတယ်”ဟု မိတ်ဆက်ပြောကြားခဲ့ပါသည်။

အမှတ် ၁၃ ပြခန်းဖြစ်သော ကော်ဖီထုတ်ကုန်လုပ်ငန်းပြခန်းတွင် တယ်ဟုန်ပြည်နယ်ခွဲမှ ကော်ဖီလုပ်ငန်းအဖွဲ့များသည် ကော်ဖီထုတ်ကုန်အမျိုးမျိုးအဖုံဖုံကို ခင်းကျင်းခဲ့ကြပြီး မန်စီကော်ဖီ၏ ထူးခြားသော ဆွဲဆောင်မှုကိုလည်း ပြသခဲ့ပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ မန်စီမြို့မီဒီယာစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဒေါက်တာထိုက်လွင်ကို(မြန်မာနိုင်ငံသား)

မန်စီမြို့၏ အထူးထုတ်ကုန်များအား ၈ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲတွင် ပြသခဲ့