ဟူနန်ပြည်နယ်တွင် ရေဘေးကယ်ဆယ်ရေးအတွက် တရုတ်အစိုးရဌာနများသည် ဘေးဒဏ်ကယ်ဆယ်ရေး ပစ္စည်း ၁ သောင်း ၅ ထောင်ကို အရေးပေါ် သီးသန့် ထုတ်ပေး

အရင်းအမြစ်:CRI   |    2024-07-29 17:46:00

ယခုလ ၂၉ ရက်နေ့က ဟူနန်ပြည်နယ် ရှန်းထန်စသည့် ဒေသများမှ ရေဘေးကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်း၏ လိုအပ်ချက်အရ တရုတ် အမျိုးသား ဘေးဒဏ် ကာကွယ်ရေး၊ လျှော့ချရေးနှင့် ကယ်ဆယ်ရေး ကော်မရှင်ရုံး၊ အရေးပေါ် စီမံခန့်ခွဲရေး ဝန်ကြီးဌာနနှင့် နိုင်ငံတော်စားနပ်ရိက္ခာနှင့် မဟာဗျူဟာ အရန်ပစ္စည်းဌာနတို့သည် မွေ့ရာ၊ နွေရာသီသုံး ဂွမ်းစောင်နှင့် အိမ်သုံး အရေးပေါ်ပစ္စည်းများ ထည့်ထားသည့် အိတ်စသည့် ဘေးဒဏ်ကယ်ဆယ်ရေး ပစ္စည်း ၁ သောင်း ၅ ထောင်ကို အရေးပေါ် သီးသန့်ထုတ်ပေးပြီး ဘေးသင့် ဒေသခံများအား အရေးပေါ် ပြောင်းရွှေ့ပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် အခြေခံနေထိုင်မှုဆိုင်ရာ ကယ်ဆယ်ရေး လုပ်ငန်းများကို ကောင်းမွန်စွာ ဆောင်ရွက်ရန် ပံ့ပိုးပေးသည်။

ဟူနန်ပြည်နယ်တွင် ရေဘေးကယ်ဆယ်ရေးအတွက် တရုတ်အစိုးရဌာနများသည် ဘေးဒဏ်ကယ်ဆယ်ရေး ပစ္စည်း ၁ သောင်း ၅ ထောင်ကို အရေးပေါ် သီးသန့် ထုတ်ပေး