Ding Xuexiang သည် ရုရှား ခေါင်းဆောင်များနှင့်အတူ တရုတ်-ရုရှား နှစ်နိုင်ငံ အစည်းအဝေးများကို ကြီးမှူးကျင်းပ
အရင်းအမြစ်:CRI |
2024-07-26 11:29:55
ယခုလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း အဖွဲ့ဝင်၊ နိုင်ငံတော် ကောင်စီ ဒုတိယ ဝန်ကြီးချုပ် Ding Xuexiang သည် ရုရှားသို့ ခရီးလှည့်လည်ပြီး ရုရှား ဒုဝန်ကြီးချုပ်-၁ မန်တူရိုဗ်နှင့် တရုတ်-ရုရှား ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ၁၁ ကြိမ်မြောက် အစည်းအဝေးကို အတူကြီးမှူးကျင်းပကာ ရုရှား ဒုဝန်ကြီးချုပ် နိုဗတ်နှင့် တရုတ်-ရုရှား စွမ်းအင် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ၂၁ ကြိမ်မြောက် အစည်းအဝေးကို အတူကြီးမှူးကျင်းပ၍ အဋ္ဌမ အကြိမ်မြောက် တရုတ်-ရုရှား စွမ်းအင် ကုန်သွယ်ရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး သမ္မတ ရှီကျင့်ဖိန်၏ ဂုဏ်ပြုလွှာကို ဖတ်ကြားကာ အမှာစကားလည်း ပြောကြားခဲ့ကြောင်း China Media မှ သတင်းအရ သိရပါသည်။