“တယ်ဟုန်အကြောင်းအရပ်များ” ၈ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲတွင် ပြသခဲ့
အရင်းအမြစ်:တယ်ဟုန်ပြည်နယ်ခွဲမီဒီယာစင်တာ |
2024-07-24 12:04:21
ဇူလိုင်လ ၂၃ ရက်နေ့တွင် ၈ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် ၂၈ ကြိမ်မြောက် တရုတ်ကူမင်းသွင်းကုန်ပို့ကုန် ကုန်စည်ပြပွဲကို ဖွင့်လှစ်ကျင်းပခဲ့ပါသည်။ ပြပွဲတွင် ပြခန်း ၁၅ ခုကို ခင်းကျင်းပြသထားပါသည်။
တယ်ဟုန်ပြည်နယ်ခွဲသည် အသေးစိတ် စီမံခင်းကျင်းပြသထားပါသည်။ ယဥ်ကျေးမှုခရီးသွားနှင့် အားကစားပြခန်း၊ ခေတ်မီလယ်ယာစိုက်ပျိုးရေးပြခန်း၊ ကော်ဖီထုတ်လုပ်မှုလုပ်ငန်းပြခန်းနှင့် တောင်အာရှကုန်စည်ပြပွဲ စားကောင်းသောက်ဖွယ်စျေးတို့တွင် တယ်ဟုန်ပြည်နယ်ခွဲမှ ထုတ်ကုန်ပစ္စည်းများနှင့် အကြောင်းအရာများကို တွေ့ရှိနိုင်ပါသည်။ “သာယာလှပသောနေရာတစ်ခုရှိသည်--တယ်ဟုန်”၏ ဆွဲဆောင်မှုကို အားရပါးရ ခံစားနိုင်သည်။
ဆောင်းပါးအရင်းအမြစ် ။ ။ တယ်ဟုန်ပြည်နယ်ခွဲမီဒီယာစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဒေါက်တာထိုက်လွင်ကို(မြန်မာနိုင်ငံသား)