ပါရီအိုလံပစ် မီးရှူးတိုင် Marseille သို့ ရောက်ရှိ

အရင်းအမြစ်:CRI   |    2024-05-10 18:31:00

မေလ ၈ ရက်နေ့တွင် ပါရီအိုလံပစ်အားကစားပြိုင်ပွဲ မီးရှူးတိုင်ကို သယ်ဆောင်လာသော " Belem" ရွက်သင်္ဘောသည် ပြင်သစ်တောင်ပိုင်း Marseille ဆိပ်ကမ်းမြို့သို့ ရောက်ရှိခဲ့ပြီး ပြင်သစ်ပြည်တွင်းနှင့် သမုဒ္ဒရာကို ဖြတ်ကျော် လက်ဆင့်ကမ်းသယ်ဆောင်မည်ဖြစ်ပါသည်။ မီးရှူးတိုင်ကို မေလ ၉ ရက်နေ့မှ ဇွန်လ ၇ ရက်နေ့အထိ ပြင်သစ် mainland ၌ လက်ဆင့်ကမ်း သယ်ဆောင်ပြီးနောက် သမုဒ္ဒရာကို ဖြတ်ကျော်ကာ ပြစ်သစ် overseas ပြည်နယ် ၅ ခုကို ဖြတ်သန်းသယ်ဆောင်ပြီး Niceမြို့သို့ ပြန်လည်ရောက်ရှိကာ ပြင်သစ် mainland ၌ဆက်လက် လက်ဆင့်ကမ်းသယ်ဆောင်မည်ဖြစ်ပါသည်။ အိုလံပစ်မီးရှူးတိုင်ကို ဇူလိုင်လ ၂၆ ရက်နေ့တွင် ပါရီမြို့ရှိ မီးရှူးတိုင်ထွန်းညှိမည့်နေရာမှာ ထွန်းညှိမည်ဖြစ်ပါသည်။

ပါရီအိုလံပစ် မီးရှူးတိုင် Marseille သို့ ရောက်ရှိ