စာအုပ်ကောင်းများနှင့်အတူ ယူနန်သို့လာရောက်၍ စာဖတ်ချိန်ကောင်းလေးမှာဖတ်ရန် ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူးက ဖိတ်ကြား

အရင်းအမြစ်:ယူနန်သတင်းကွန်ရက်   |    2024-04-26 18:50:23

ဧပြီလ ၂၃ ရက်နေ့တွင် တတိယအကြိမ်မြောက် အမျိုးသားစာဖတ်ပွဲကြီးကို ကူမင်းမြို့တွင် ဖွင့်လှစ်ကျင်းပခဲ့သည်။ ယခုအကြိမ် စာဖတ်ပွဲကြီးသည် "စာဖတ်လူ့အဖွဲ့အစည်း တည်ဆောက်ခြင်းနှင့် ခေတ်မီယဉ်ကျေးမှုကိုမျှဝေခြင်း" ဟူသော ဆောင်ပုဒ်ဖြင့် အမျိုးသားစာဖတ်ခြင်းလှုပ်ရှားမှုကို ဆက်လက်ပြီး နက်နက်ရှိုင်းရှိုင်း မြှင့်တင်ရန်နှင့် စာဖတ်ဝါသနာပါသော အလေ့အထကောင်းများ ပြုစုပျိုးထောင်ရန်၊ စာအုပ်ကောင်းများဖတ်ခြင်းနှင့် လူ့အဖွဲ့အစည်း တစ်ရပ်လုံးတွင် စာဖတ်ခြင်း အားကောင်းလာစေရန် ရည်ရွယ်ပါသည်။

စာဖတ်ခြင်းသည် တရုတ်လူမျိုး၏ မွေးရာပါ စိတ်ဓာတ်တစ်ခုဖြစ်ပြီး တရုတ်ယဉ်ကျေးမှု တည်တံ့စေရန်အတွက် ကုဒ်တစ်ခုဖြစ်ကြောင်း၊ စာအုပ်မွှေးရနံ့ပြည့်နှက်သော ယူနန်ပြည်နယ်ကို တည်ဆောက်ကာ ယဉ်ကျေးမှုယုံကြည်မှုကို ခိုင်ခံ့စေ၍ "ယူနန်လို့ ခေါ်တဲ့ နေထိုင်မှုဘ၀တစ်မျိုး"ကို စာအုပ်မွှေးရနံ့ဖြင့် ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း၊ ယူနန်ကို ဖတ်ရှုရင်းနှင့် တရုတ်ခေတ်မီတိုးတက်ရေး၏ များပြားလှသော ရှုထောင့်များကို လူတိုင်း ခံစားစေမည်ဖြစ်ကြောင်း၊ ယူနန်ကို လျှောက်သွားရင်း ထောင့်တိုင်းတွင် စာအုပ်များ၏ ရနံ့ကို ရှူရှိုက်မိမည်ဖြစ်ကြောင်း၊ စာအုပ်ကောင်းများနှင့်အတူ ယူနန်သို့လာရောက်၍ စာဖတ်ချိန်ကောင်းလေးမှာဖတ်ရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ကြောင်း ဖွင့်ပွဲအခမ်းအနားတွင် ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူးဝမ်နင်သည် ပြောကြားပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်သတင်းကွန်ရက်
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး(မြန်မာနိုင်ငံသား)

စာအုပ်ကောင်းများနှင့်အတူ ယူနန်သို့လာရောက်၍ စာဖတ်ချိန်ကောင်းလေးမှာဖတ်ရန် ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူးက ဖိတ်ကြား