ASEAN Media Partners (AMP) တရုတ်ပြည်တွင်းပြည်ပသတင်းထောက် ကိုယ်စားလှယ်အဖွဲ့သည် စန်းယာ့၌ လေ့လာကြည့်ရှု

အရင်းအမြစ်:CRI   |    2024-04-25 18:32:00

လယ်ယာစိုက်ပျိုးရေးသည် တရုတ်နှင့်အာဆီယံနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု ၏ အရေးကြီး နယ်ပယ်ဖြစ်ပါသည်။ ယခုနှစ်များတွင် အပူပိုင်းဒေသစားနပ်ရိက္ခာနယ်ပယ်၌ တရုတ်နှင့်အာဆီယံနိုင်ငံများ၏ပူးပေါင်းဆောင်ရွက်မှုများသည် အကျိုးသက်ရောက်မှုရှိပြီး နှစ်ဖက်လယ်ထွက်ကုန်ပစ္စည်း ကုန်သွယ်ရေး ပမာဏသည် အဆက်မပြတ် တိုးမြင့်လာကာ ကြီးမားသော ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအလားအလာကို ပြသနေပါ သည်။

ဧပြီလ ၂၄ရက်နေ့ နံနက်ပိုင်းက CMGမှ ဦးစီးကျင်းပသော ASEAN Media Partners (AMP) “China Up Close” Hainan Tourသည် စန်းယာ့မြို့ Yazhouwan သိပ္ပံနည်းပညာဇုန်၌ တွေ့ဆုံခြင်းနှင့် ကူးလူးဖလှယ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ CMG နှင့် မြန်မာ၊ အင်ဒိုနီးရှား၊ ထိုင်း၊ လာအို၊ ဗီယက်နမ် နှင့် မလေးရှား စသောအာဆီယံနိုင်ငံ ၉နိုင်ငံမှ ပင်မမီဒီယာဌာန ၁၁ခုမှ သတင်းထောက် ၅၀ကျော်ပါရှိသော ပြည်တွင်းပြည်ပ သတင်းထောက်များ ကိုယ်စားလှယ်အဖွဲ့သည် ဟိုင်နန်ပြည်နယ် မျိုးစေ့စမ်းသပ်ခန်း စသော နေရာ များကို ကြည့်ရှုလေ့လာခဲ့ ကြ ပါသည်။

MRTVမှ Producer ဒေါ်မေလိခစိုးက Damaoကျေးရွာသည် အခြေအနေ၊ အချိန်အခါ နှင့် လိုက်လျော ညီထွေဖြစ်အောင်ဆောင်ရွက်ပြီး ခရီးသွား၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသော လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းသည် ကျေးရွာဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးသော အလွန်ကောင်းမွန်သည့် နည်းလမ်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ASEAN Media Partners (AMP) တရုတ်ပြည်တွင်းပြည်ပသတင်းထောက် ကိုယ်စားလှယ်အဖွဲ့သည် စန်းယာ့၌ လေ့လာကြည့်ရှု