ဖွံ့ဖြိုးတိုးတက်မှု အတူရှာဖွေ ၊ ဒုတိယအကြိမ်မြောက် လင်ချန်း.နိုင်ငံ ၁၀၀ ပင်လယ်ရပ်ခြားတရုတ်လူမျိုးများ ဖွံ့ဖြိုးတိုးတက်မှုညှိနှိုင်းဆွေးနွေးပွဲကို လင်ချန်းမြို့ ချမ်းယွမ်ခရိုင်တွင် ကျင်းပ

အရင်းအမြစ်:ယူနန်ပြည်နယ် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံတကာ ဒေသတွင်း ပြန်ကြားရေးစင်တာ   |    2024-04-24 18:19:00

ဧပြီလ ၂၄ ရက်နေ့တွင် ဒုတိယအကြိမ်မြောက် လင်ချန်း.နိုင်ငံ ၁၀၀ ပင်လယ်ရပ်ခြားတရုတ်လူမျိုးများ ဖွံ့ဖြိုးတိုးတက်မှုညှိနှိုင်းဆွေးနွေးပွဲကို လင်ချန်းမြို့ ချမ်းယွမ်ခရိုင်တွင် ကျင်းပခဲ့သည်။ ပင်လယ်ရပ်ခြားရောက် တရုတ်စီးပွားရေးလုပ်ငန်းရှင် ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်ပညာရှင်များသည် အိန္ဒိယသမုဒ္ဒရာအတွင်း နိုင်ငံတကာ စင်္ကြံတည်ဆောက်ရေးအတွက် "Belt and Road"ပဏာမခြေလှမ်းကို မြှင့်တင်ခြင်း၊ ပြည်ပအသိဉာဏ်ပစ္စည်းဆိုင်ရာ အကာအကွယ်ကို အားကောင်းစေရေး၊ ပင်လယ်ရပ်ခြားရောက် တရုတ်လူငယ်များ ယဥ်ကျေးမှုဖလှယ်ရေးဖြင့် နိုင်ငံအသီးသီးတို့၏ ယဥ်ကျေးမှု အပြန်အလှန် ဖလှယ်ရေးနှင့် လေ့လာရေး မြှင့်တင်ခြင်းနှင့် ခေတ်သစ်တွင် နိုင်ငံရပ်ခြားရောက် တရုတ်လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရုတ်အမျိုးသားအသိုက်အဝန်း အတွေးအခေါ်ကို ခိုင်မာစွာ တည်ဆောက်ခြင်း ဟူသော ခေါင်းစဉ်လေးရပ်ဖြင့် ဖလှယ်ဆွေးနွေးကြသည်။

“Belt and Road” အဆိုပြုချက်သည် အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းသစ်များ ပေးဆောင်ကြောင်း၊ “Belt and Road” တည်ဆောက်ရေးတွင် ပင်လယ်ရပ်ခြားရောက် တရုတ်လူမျိုးများသည် ဝိုင်းဝန်းဖော်ဆောင်ရန်နှင့် “Belt and Road” သည် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးလမ်း၊ အတူပူးပေါင်းဆောင်ရွက်မှုနှင့် အောင်မြင်မှုအသီးအနှံ့ရရှိရေးလမ်းအဖြစ် ဆက်လက်ရပ်တည်နိုင်စေရန် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ပင်လယ်ရပ်ခြားရောက် တရုတ်စီးပွားရေးလုပ်ငန်းရှင် ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်ပြည်နယ် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံတကာ ဒေသတွင်း ပြန်ကြားရေးစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး(မြန်မာနိုင်ငံသား)

ဖွံ့ဖြိုးတိုးတက်မှု အတူရှာဖွေ ၊ ဒုတိယအကြိမ်မြောက် လင်ချန်း.နိုင်ငံ ၁၀၀ ပင်လယ်ရပ်ခြားတရုတ်လူမျိုးများ ဖွံ့ဖြိုးတိုးတက်မှုညှိနှိုင်းဆွေးနွေးပွဲကို လင်ချန်းမြို့ ချမ်းယွမ်ခရိုင်တွင် ကျင်းပ