ရှုမ၀သော “လင်ချန်း.နိုင်ငံ ၁၀၀ ပင်လယ်ရပ်ခြားတရုတ်လူမျိုးများ စုံညီပွဲတော် ” JCK FIGHT NIGHT N83 ဟွာဝူယွမ်ယွီ လက်ဝှေ့ပွဲကို လင်ချန်းမြို့ ချမ်းယွမ်ခရိုင်တွင် ကျင်းပခဲ့

အရင်းအမြစ်:ယူနန်ပြည်နယ် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံတကာ ဒေသတွင်း ပြန်ကြားရေးစင်တာ   |    2024-04-24 18:13:00

ဧပြီလ ၂၃ ရက်နေ့တွင် ဒုတိယအကြိမ်မြောက် လင်ချန်း.နိုင်ငံ ၁၀၀ ပင်လယ်ရပ်ခြားတရုတ်လူမျိုးများ စုံညီပွဲတော်၏ အရေးပါသော အစိတ်အပိုင်းဖြစ်သည့် JCK FIGHT NIGHT N83 ဟွာဝူယွမ်ယွီ လက်ဝှေ့ပွဲကို လင်ချန်းမြို့ ချမ်းယွမ်ခရိုင်တွင် ဖွင့်လှစ်ကျင်းပခဲ့သည်။

ယခုအကြိမ်“လင်ချန်း.နိုင်ငံ ၁၀၀ ပင်လယ်ရပ်ခြားတရုတ်လူမျိုးများ စုံညီပွဲတော် ” JCK FIGHT NIGHT N83 ဟွာဝူယွမ်ယွီ လက်‌ဝှေ့ပွဲတွင် သန်မာသော တရုတ်လက်ရွေးစင်များအပြင် "Belt and Road" တစ်လျှောက်ရှိ နိုင်ငံများဖြစ်သော ကာဇက်စတန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ချန်ပီယံလက်ရွေးစင် များစွာလည်း ပါဝင်တက်ရောက်ပြီး လက်ဝှေ့ပရိသတ်များအတွက် ပရော်ဖက်ရှင်နယ်တိုက်ပွဲ၏ စွမ်းအားကို ပြသသည့် ပြိုင်ပွဲကို သယ်ဆောင်လာခဲ့သည်။

ပြိုင်ပွဲကျင်းပသည့်နေရာတွင် ကွင်းပြည့်ထိုင်ခုံအပြည့်ဖြင့် ပရိသတ်များက အားတက်သရော အားပေးလျက် သက်ဝင်လှုပ်ရှားနေပါသည်။ ကစားသမားများသည် ရပ်တန့်မသွားနိုင်ဘဲ ၎င်းတို့၏ အထူးစွမ်းရည်များကို ပြသခဲ့ကြရာ ပရိသတ်အားလုံးကို စိတ်လှုပ်ရှားတက်ကြွစေခဲ့သည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်ပြည်နယ် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံတကာ ဒေသတွင်း ပြန်ကြားရေးစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး (မြန်မာနိုင်ငံသား)

ရှုမ၀သော “လင်ချန်း.နိုင်ငံ ၁၀၀ ပင်လယ်ရပ်ခြားတရုတ်လူမျိုးများ စုံညီပွဲတော် ” JCK FIGHT NIGHT N83 ဟွာဝူယွမ်ယွီ လက်ဝှေ့ပွဲကို လင်ချန်းမြို့ ချမ်းယွမ်ခရိုင်တွင် ကျင်းပခဲ့