တရုတ်နိုင်ငံက ဥရောပ ၆ နိုင်ငံအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒ ကြေညာ
တရုတ်နိုင်ငံသည် ဆွစ်ဇာလန်၊ အိုင်ယာလန်၊ ဟန်ဂေရီ၊ ဩစတြီးယား၊ ဘယ်လ်ဂျီယံနှင့် လူဇင်ဘတ် စသည့် နိုင်ငံများအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒကို မတ် ၁၄ ရက်မှစ၍ စမ်းသပ်ကျင့်သုံးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ် ၇ ရက်တွင် ပြောကြားခဲ့သည်။
“မိမိတို့အနေနဲ့ တရုတ်နိုင်ငံသားတွေကို နိုင်ငံများစွာက ဗီဇာအဆင်ပြေချောမွေ့စေဖို့၊ နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှုဆိုင်ရာ အမြန်လမ်းကြောင်းကွန်ရက်တွေ တည်ဆောက်ရေးလုပ်ဆောင်ဖို့နဲ့ နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ် အမြန်ဆုံးပြန်လည်ပြေးဆွဲရေးတွန်းအားပေးဖို့ မျှော်လင့်ပါတယ်” ဟု တရုတ်နိုင်ငံ ဥပဒေပြုလွှတ်တော်ဖြစ်သော ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ ဒုတိယအကြိမ်အစည်းအဝေး သတင်းစာရှင်းလင်းပွဲ၌ ဝမ်က ပြောခဲ့သည်။
ထိုသို့ဆောင်ရွက်ခြင်းက တရုတ်နိုင်ငံသားများ ပြည်ပသို့ခရီးသွားလာမှုအတွက် ပိုမိုအဆင်ပြေချောမွေ့စေမည် ဖြစ်သလို တရုတ်နိုင်ငံတွင်းရှိ နိုင်ငံခြားသားမိတ်ဆွေများအတွက်လည်း အဆင်ပြေစေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)