တရုတ်နိုင်ငံသည် နိုင်ငံခြားသားများအတွက် ငွေပေးချေမှု အဆင်မပြေသော ပြဿနာကို ဖြေရှင်းရန် အစီအမံများ ဆောင်ရွက်ခဲ့
အထွေထွေဆောင်ရွက်ချက်များမှတစ်ဆင့် တရုတ်နိုင်ငံတွင် နိုင်ငံခြားသားများအတွက် ငွေပေးချေမှု အဆင်မပြေသော ပြဿနာကို ဖြေရှင်းရာ အောင်သီးအောင်နှံများ အဆင့်ဆင့် ရရှိခဲ့ကြောင်း မကြာသေးမီက တရုတ်ပြည်သူ့ဘဏ် (PBOC)မှ သိရှိရသည်။
တရုတ်နိုင်ငံတွင် နိုင်ငံခြားသားများအတွက် ငွေပေးချေရာတွင် ပထမဆုံးအခက်အခဲမှာ ပြည်ပဘဏ်ကတ် ငွေပေးချေမှုနှုန်းသည် ပြည်တွင်းဘဏ်ကတ်ငွေပေးချေမှုနှုန်းထက် များစွာမြင့်မားနေကြောင်း၊ ဒုတိယအခက်အခဲမှာ ပြည်ပဘဏ်ကတ်များကို လက်ခံသည့် ကုန်သည်များ နည်းပါးကြောင်း၊ တတိယအခက်အခဲမှာ ကုန်သည်များသည် တစ်ခါတရံတွင် ပြန်အမ်းသောအကြွေး မရှိခြင်းကြောင့် ဖြစ်ကြောင်း တရုတ်ပြည်သူ့ဘဏ် (PBOC)၏ ဒုတိယအုပ်ချုပ်ရေးမှူး ကျန်းချင်စုံက ထုတ်ဖော်ထားပါသည်။
အဆိုပါပြဿနာများအပေါ် တရုတ်ပြည်သူ့ဘဏ် (PBOC)သည် ကုန်သည်များမှ နိုင်ငံရပ်ခြားဘဏ်ကတ်များ လက်ခံမှုကို အရှိန်မြှင့်တင်လုပ်ဆောင်ခဲ့ပြီး တစ်ချိန်တည်းတွင် တရုတ်နိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားသားများအတွက် ဘဏ်အကောင့်ဖွင့်လှစ်ရန် ဝန်ဆောင်မှုများကို အဆင်ပြေအောင် လုပ်ဆောင်၍ ပြည်ပဘဏ်ကတ်များသည် Alipay သို့မဟုတ် WeChat နှင့် ပေါင်းစည်းမှုကို ပိုမိုအဆင်ပြေစေရန် မြှင့်တင်ခဲ့ပါသည်။
စာရင်းဇယားများအရ ပြည်ဝင်သော နိုင်ငံခြားသား ၄ သန်းနီးပါးသည် ၂၀၂၃ ခုနှစ်တွင် မိုဘိုင်းငွေပေးချေမှုကို အသုံးပြုပြီး လက်တွေ့ကျသော ငွေပေးချေမှုအရေအတွက်သည် သန်း ၇၀ ကျော်လွန်သွားခဲ့သည်။ လက်ရှိတွင် ရှန်ဟိုင်း၊ ကျဲ့ကျန်းနှင့် အခြားသော နေရာများရှိ အဓိကကုန်သည်များ၏ ပြင်ပဘဏ်ကတ်လက်ခံမှုနှုန်းသည် ၉၀% ကျော်လွန်နေပါသည်။ နောက်တစ်ဆင့်တွင် တရုတ်အမျိုးသား နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲရေးဌာနချုပ်မှ နိုင်ငံခြားငွေ လဲလှယ်ရေး ဝန်ဆောင်မှုများကို ပိုမို ကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ www.cctv.com
ဘာသာပြန် ။ ။ Zhang Yinglin