ယူနန်စားကောင်းသောက်ဖွယ်များဖြင့် မြန်မာနိုင်ငံရှိ မေမေ၏ ဟင်းချက်အရသာကို အမှတ်ရစေ

အရင်းအမြစ်:ယူနန်ပြည်နယ် တောင်အာရှနှင့် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတကာပြန်ကြားရေးစင်တာ   |    2024-12-30 11:38:27

“စားကောင်းသောက်ဖွယ်”သည် လူသားတို့ မြင်လိုကြားလိုသော အကြောင်းအရာတစ်ခုဖြစ်သည်။ တစ်ချိန်တည်းတွင် ယဉ်ကျေးမှု၊ သမိုင်း၊ ရိုးရာဓလေ့ထုံးစံနှင့် အမျိုးသားရေးစိတ်ဓာတ်တွေကိုပါ ချိတ်ဆက်ပေးထားပါသည်။

ယခုအပတ်စဥ်၏ “မင်္ဂလာညီအစ်မ အတူပြောကြ”အစီအစဉ်တွင် တရုတ်တက္ကသိုလ်၌ စာပေသင်ကြားခြင်းနှင့် သုတေသီအဖြစ် လုပ်ကိုင်နေသူ ရှင်းယွဲ့သည် ယူနန်နော်မယ်တက္ကသိုလ် မြန်မာဘာသာဌာနမှ ဧည့်ပါမောက္ခ ဒေါက်တာခင်ခင်ထွန်းနှင့် အတူ ကူမင်းမြို့ရှိ ဟင်းသီးဟင်းရွက်စျေးတစ်ခုကို လာရောက်ခဲ့ကြပါသည်။

ရယ်သံမောသံများအကြားတွင် လတ်ဆတ်သော ဟင်းအမယ်များရွေးချယ်ခဲ့ကြပြီး ကြက်ဥ၏ လုံးဝန်းမှုနှင့် ပုဇွန်၏ လတ်ဆတ်မှုတို့သည် သူမတို့၏ မျက်လုံးထဲတွင် ချက်ပြုတ်ရမည့် ကုန်ကြမ်းများသာမက အတိတ်နှင့် ပစ္စုပ္ပန်ကို ချိတ်ဆက်ထားသည့် သံယောဇဉ်ကြိုးလည်းဖြစ်ပါသည်။ ဟင်းသီးဟင်းရွက်ဈေး၏ စည်ကားမှုနှင့် စီစီညံညံရှိမှုများသည် အသက်ဝင်သော ပန်းချီကား ၁ ချပ်အလား ဘဝနေထိုင်မှု၏ စစ်မှန်မှုနှင့် အမျိုးစုံလင်မှုကို ဖွင့်လှစ်ပြလိုက်ပါသည်။ ထို့နောက် နှစ်ဦးသားသည် မီးဖိုချောင်သို့ ရောက်လာခဲ့ပြီး ချက်ပြုတ်ချိန်တွင် ခြေမကိုင်မိ လက်မကိုင်မိများကို မလွန်ဆန်နိုင်ခဲ့သော်လည်း စားကောင်းသောက်ဖွယ်ပေါ် ကြိုက်နှစ်သက်မှုနှင့် မိသားစုအပေါ် သတိရမှုများသည် ဤအလုပ်များမှုများကို နွေးထွေးပြီး အဓိပ္ပာယ်ရှိစေခဲ့ပါသည်။ ဒေါက်တာခင်ခင်ထွန်းသည် ဟင်းအမယ်များကို ကျွမ်းကျင်စွာ ခုတ်ထစ်ပြင်ဆင်ခဲ့ပြီး တစ်ချက်လှီးတိုင်း၊ တစ်ခါနယ်တိုင်း ဇာတိမြေ၏ အရသာအပေါ် သတိရတမ်းတမှုများ ပါဝင်နေပါသည်။ “အရသာက နည်းနည်းကွာခြားမယ်ဆိုပေမယ့် မိသားစုဆိုတဲ့ ခံစားချက်ကတော့ နည်းနည်းမှ လျော့မှာ မဟုတ်ပါဘူး”ဟု ဒေါက်တာခင်ခင်ထွန်း က ပြောပါသည်။
“ဘယ်နိုင်ငံကပဲဖြစ်ဖြစ်၊ ဘယ်လိုမတူညီတဲ့ ယဉ်ကျေးမှုနောက်ခံကပဲဖြစ်ဖြစ် လူသားတို့ရဲ့ ဘဝနေထိုင်မှုအပေါ် မြတ်နိုးခြင်း၊ သာယာလှပမှုအပေါ် လိုချင်တပ်မက်ခြင်းကတော့ အတူတူပါပဲ။” ဤပုဇွန်ကြက်ဥအနှစ်ဟင်းမှတစ်ဆင့် ရှင်းယွဲ့သည် ဒေါက်တာခင်ခင်ထွန်း၏ ဇာတိမြေအပေါ် လွမ်းဆွတ်မှု၊ မိခင်အပေါ် ချစ်မြတ်နိုးမှုများအား ရင်ဖွင့်လာသည်ကို နားထောင်ခဲ့ရပါသည်။ သူမတို့သည် ထမင်းစားပွဲဘေးတွင်ထိုင်၍ မေတ္တာနှင့် လွမ်းဆွတ်မှုတို့ စုစည်းထားသည့် ဤဟင်းလျာကို မြည်းစမ်းကြပါသည်။ လေထုအတွင်း သာယာချမ်းမြေ့မှုနှင့် ပြီးပြည့်စုံမှုဆိုသည့် အရသာများ ပျံ့လွင့်နေပါသည်။ ထိုခဏတွင် အစားအစာသည် နှလုံးသား ၂ ခုကို ချိတ်ဆက်ထားသော ပေါင်းကူးတံတားဖြစ်လာခဲ့ပြီး ဒေါက်တာခင်ခင်ထွန်းနှင့် ရှင်းယွဲ့တို့၏ ချစ်ကြည်မှုလည်း ပိုမိုနက်ရှိုင်းလာခဲ့ပါသည်။ ဤလွယ်ကူစွာ ချက်ပြုတ်ထားသော ဟင်းလျာသည် ပိုမိုများပြားသော ယဉ်ကျေးမှု၊ သံယောဇဉ်နှင့် အမှတ်တရများ၏ ဝန်ထုပ်များကို ထမ်းပိုးထားပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်ပြည်နယ် တောင်အာရှနှင့် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတကာပြန်ကြားရေးစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး(မြန်မာနိုင်ငံသား)

ယူနန်စားကောင်းသောက်ဖွယ်များဖြင့် မြန်မာနိုင်ငံရှိ မေမေ၏ ဟင်းချက်အရသာကို အမှတ်ရစေ