ပိုင်မာနှင်းတောင်၏ အလှတရား သာယာလှပနေ
ပိုင်မာနှင်းတောင်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် အနောက်မြောက်ပိုင်းဒေသ၏ တီချင့်ဇန့်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲတွင် တည်ရှိပြီး နာမည်ကျော်ကြားသော တောင်တန်းဖြစ်သည်။ ပိုင်မာနှင်းတောင်သည် တရုတ်နိုင်ငံ၏ ထင်ရှားကျော်ကြားသော သဘာဝဘေးမဲ့တောများထဲမှ တစ်ခုသာမက ကမ္ဘာ့အဆင့်မီ ဇီဝမျိုးစုံမျိုးကွဲများ တည်ရှိရာနေရာလည်းဖြစ်သည်။
ပိုင်မာနှင်းတောင်၏ ပင်မတောင်၏ အမြင့်ပေ ၅,၄၃၀ မီတာအထိရှိပြီး တစ်နှစ်ပတ်လုံး ဆီးနှင်းများဖုံးလွှမ်းကာ လှပသောရှုခင်းများ ရှိသည်။ ဤနှင်းတောင်သည် တောင်တက်ဝါသနာရှင်များအတွက် အကောင်းဆုံးနေရာ တစ်ခုဖြစ်သည်။ ဤနေရာတွင် သဘာဝရှုခင်းသည် ထူးခြားသည်သာမက ပြီးပြည့်စုံသော ဂေဟစနစ်နှင့် ကြွယ်ဝသော တောရိုင်းတိရစ္ဆာန်အရင်းအမြစ်များ ရှိသည်။
ထို့အပြင် ပိုင်မာနှင်းတောင်ဒေသသည် နားရှီလူမျိုးနှင့် ဇန့်လူမျိုးများ၏ နေထိုင်ရာနေရာဖြစ်ပြီး သဘာဝရှုခင်းအလှ တရားများအပြင် ခရီးသွားဧည့်သည်များသည် ကြွယ်ဝပြီး အရောင်အသွေးစုံလင်သော တိုင်းရင်းသားများ၏ ယဉ်ကျေးမှုများကို ခံစားနိုင်သည်။
ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်နေ့စဥ်သတင်းစာ
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး(မြန်မာနိုင်ငံသား)