လူဂူရေကန်တွင် တိမ်များက ရေပေါ်တွင် လွင့်မျောနေသော "ကမ္ဘာမြေပေါ်ရှိ နတ်ပြည်" နှင့် တွေ့ဆုံ
အရင်းအမြစ်:ပြည်သူ့နေ့စဥ်သတင်းစာ ယူနန်ပိုင်းအစီအစဥ် |
2024-11-25 17:56:00
လူဂူရေကန်သည် ယူနန်ပြည်နယ်ရှိ အမြင့်ပေ အမြင့်ဆုံးသော ရေကန်များထဲမှ တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၏ အနက်ရှိုင်းဆုံး တောင်တန်းရေချိုကန်များထဲမှ တစ်ခုဖြစ်သည်။ လူဂူရေကန်သည် ၎င်း၏ ကြည်လင်သောရေ၊ လှပသော သဘာဝရှုခင်းများနှင့် ထူးခြားသော မောစော်ယဉ်ကျေးမှုကြောင့် နာမည်ကျော်ကြားပြီး "ကုန်းပြင်မြင့်ပေါ်က ပုလဲ " ဟု လူသိများသည်။
လူဂူရေကန်အား တောင်တန်းများဖြင့် ဝန်းရံထားသည်။ ဤနေရာတွင် ရာသီလေးပါး၏ ရာသီဥတု ထင်ရှားထူးခြား၍ သာယာသည်။ ရေကန်သည် ကျောက်စိမ်းကဲ့သို့ စိမ်းလန်းပြီး ကြည်လင်နေသည်။ ပတ်ဝန်းကျင်ရှုခင်းသည် ရာသီများပြောင်းလဲသည်နှင့်အမျှ မတူညီသောအသွင်အပြင်များကို ပြသထားသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ ပြည်သူ့နေ့စဥ်သတင်းစာ ယူနန်ပိုင်းအစီအစဥ်
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး(မြန်မာနိုင်ငံသား)