ဤဆောင်းရာသီတွင် တရုတ်-မြန်မာ နယ်စပ်၌ ဂျင်ဂိုသစ်ပင်များ၏ ရှုခင်းအလှတရားများ လက်လွတ်မခံဘဲ လာရောက်ရှုစားစို့
ယခုရက်ပိုင်းတွင် “တရုတ်နိုင်ငံတော် ပထဝီ”မဂ္ဂဇင်းက တရုတ်-မြန်မာနယ်စပ် ပေါင်စန်းမြို့ ထိန်ချုံးမြို့၏ ဆောင်းဦးရာသီ ရှုခင်းအား တောင်ပိုင်းဒေသ ၇ ခုအနက် အကောင်းဆုံး ဆောင်းဦးရှုခင်းအလှတရားရှုစားသည့်မြို့လေးအဖြစ် ပထမဆုံးရွေးချယ်သင့်သောနေရာအဖြစ် ရွေးချယ်ခဲ့ပါသည်။ ထိန်ချုံးမြို့၏ ဆောင်ဦးရာသီ ရှုခင်းသည် “ဝေဆာဆန်းတင့်မှုအရှိဆုံးသော” ဆောင်ဦးရာသီ ရှုခင်းအဖြစ် ချီးမြှင့်ခဲ့သည်။
ဆောင်းရာသီအစပိုင်းသည် ထိန်ချုံးမြို့ ဂူတုန်းမြို့နယ် ကျန်းတုန်းဂျင်ဂိုသစ်ပင်ရွာတွင် ရှင်သန်ပေါက်ရောက်နေသော ရှေးဟောင်းဂျင်ဂိုသစ်ပင်များရှုခင်းအလှတရားအား ရှုစားရန် အကောင်းဆုံးသောအချိန်ကာလ ဖြစ်ပါသည်။ ဒေသအသီးသီးမှ ခရီးသည်များသည် ဤနေရာတွင် လာရောက်ရှုစားကြရန်လည်း များစွာ ဆွဲဆောင်လျက်ရှိနေပါသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်နေ့စဥ်သတင်းစာ
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး(မြန်မာနိုင်ငံသား)