ကျေးရွာထဲက ကျေးလက်မင်္ဂလာပွဲ

အရင်းအမြစ်:တရုတ်လူငယ်သတင်းစာ   |    2024-11-22 17:23:00

မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ၏ ကျေးလက်ဒေသတွင် ရွှေ့ပြောင်းနိုင်သော ရွေ့လျားနိုင်သော “မင်္ဂလာဆောင်ခန်းမ”များ ပေါ်ပေါက်လာသည်။ လက်ထပ်သော စုံတွဲများသည် တစ်စတုရန်းမီတာလျှင် ယွမ်ဆယ်ဂဏန်းမျှဖြင့် မိမိ၏ အိပ်မက် မင်္ဂလာပွဲအခမ်းအနားအား ၎င်းတို့၏ အိမ်တံခါးရှေ့မှောက်သို့ ရောက်ရှိလာစေနိုင်ပါသည်။

"ရွေ့လျားမင်္ဂလာဆောင်ခန်းမ"၏ အသွင်အပြင်ကို ယေဘုယျအားဖြင့် အနီရောင်ကဲ့သို့သော ပွဲလမ်းသဘင်အရောင်များဖြင့် ရွေးချယ်မွမ်းမံလေ့ရှိသည်။ အတွင်းပိုင်းကို အနောက်တိုင်းပုံစံ မင်္ဂလာပွဲအခမ်းအနားစင်မြင့်တွင် အဖြူရောင်ဖြင့် အဓိကအားဖြင့် အလှဆင်ထားသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် မြို့ပြအသွင်ကူးပြောင်းမှု အရှိန်အဟုန်ဖြင့် မြှင့်တင်လာသည်နှင့်အမျှ ပြင်ပတွင် အလုပ်ကြိုးစားသည့်လူငယ်များသည် မတူညီသော ခေတ်ရေစီးကြောင်းများကို ဇာတိမြေသို့ ပြန်လည်သယ်ဆောင်လာကာ ကျေးလက်မင်္ဂလာဆောင်များသည် ပိုမိုကွဲပြားလာပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ တရုတ်လူငယ်သတင်းစာ
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး(မြန်မာနိုင်ငံသား)

ကျေးရွာထဲက ကျေးလက်မင်္ဂလာပွဲ