တရုတ်တိုင်းရင်းဆေးလမုန့်စားဖူးသလား
တရုတ်တိုင်းရင်းဆေး ရေနွေးကြမ်း၊ တရုတ်တိုင်းရင်းဆေး ပေါင်မုန့်၊ တရုတ်တိုင်းရင်းဆေး ရေခဲမုန့်တို့ပြီးနောက် တရုတ်တိုင်းရင်းဆေး၏ ဂယက်သည် ဆောင်းဦးအလယ်ပွဲတော် လမုန့်သို့တိုင် တိုက်ခတ်လာခဲ့ပါသည်။
ကျောက်သစ်ခွပန်း၊ အမေရိကန်ဂျင်စင်း၊ လိမ္မော်ခွံခြောက် စသည့်တရုတ်တိုင်းရင်းဆေးအမယ်များသည် လမုန့်ဋ္ဌာပနာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါသည်။ တရုတ်တိုင်းရင်းဆေး လမုန့်သည်လည်း “ဆေးဘက်ဝင်အစားအစာလမုန့်”ဖြစ်လာခဲ့ပြီး “အစာလည်းဆေး၊ ဆေးလည်းအစာ”အဖြစ် ဆေးအမယ်များကို လမုန့်အတွင်းသို့ ထည့်သွင်းခဲ့ကြကာ ကျန်းမာ၍ အရသာရှိသော လမုန့်များ ထုတ်လုပ်လာခဲ့ကြပါသည်။ ရွှေဖရုံသီးကြက်ဥအနှစ်ဂျင်စင်းဟွမ်ချီလမုန့်၊ အစေ့ငါးမျိုးဆီးပန်းစေ့ဂျင်စင်းလမုန့်၊ နှင်းဆီးအမေရိကန်ဂျင်းဆင်းတုန်ကွေးလမုန့်၊ လိမ္မော်ခွံခြောက်မေလပန်းလမုန့် စသည်ဖြင့် အင်မတန် ဖန်တီးမှုသဘောတရားများပါဝင်သော ဆေးဘက်ဝင်အစားအစာလမုန့်များသည် စားသုံးသူများကို လွန်စွာအံ့ဩစေခဲ့ပါသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ နေ့စဥ်စီးပွားရေးသတင်း
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး (မြန်မာနိုင်ငံသား)