တရုတ်နိုင်ငံမှ Badain Jaran သဲကန္တာရ - သဲတောင်ရေကန် အုပ်စုကို ကမ္ဘာ့အမွေအနှစ် အမည်စာရင်းတွင် ထည့်သွင်း

အရင်းအမြစ်:CRI   |    2024-07-29 17:37:00

ဒေသစံတော်ချိန် ဇူလိုင်လ ၂၆ ရက်နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပခဲ့သော ၄၆ ကြိမ်မြောက် ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် ညီလာခံတွင် တရုတ်နိုင်ငံမှ Badain Jaran သဲကန္တာရ-သဲတောင်ရေကန်အုပ်စုကို ကမ္ဘာ့အမွေအနှစ် အမည်စာရင်းတွင် ထည့်သွင်းခဲ့သည်။

Badain Jaran သဲကန္တာရသည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းဒေသရှိ မိုးခေါင်ရေရှားသော သမပိုင်းဒေသ Alxa ကုန်းမြင့်ဒေသ၌ တည်ရှိပြီး တရုတ်နိုင်ငံမှ ဒုတိယအကြီးဆုံး ရွေ့လျားတတ်သော သဲကန္တာရဖြစ်ကာ ၎င်းတွင် သဲတောင်မြင့်များနှင့် တောင်ကြားရေကန်များ အပါအဝင် သဲကန္တာရ ဝိသေသ ရှုခင်းများ စုစည်းပါဝင်နေသည့်အတွက် အစားထိုး၍ မရသော သဘာဝအမွေအနှစ် တစ်ခုဖြစ်သည်။

တရုတ်နိုင်ငံမှ Badain Jaran သဲကန္တာရ - သဲတောင်ရေကန် အုပ်စုကို ကမ္ဘာ့အမွေအနှစ် အမည်စာရင်းတွင် ထည့်သွင်း