ယူနန်ကျင်ဖိန်ခရိုင်တွင် ပျံဝဲနေသော လိပ်ပြာများသည် ခရီးသွားများအား စောင့်မျှော်နေ

မေလ ၁၉ ရက်နေ့တွင် ယူနန်ကျင်ဖိန်ခရိုင် ၂၀၂၄ ခုနှစ် လိပ်ပြာချိုင့်ဝှမ်းအနုပညာပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ပါသည်။ ရာနှင့်ချီသော ခရီးသွားများအား အဆိုပါလှုပ်ရှားမှုကို ပါဝင်တက်ရောက်ရန် ဆွဲဆောင်နေပါသည်။
"ဒီနှစ်လိပ်ပြာဖြစ်ပွားမှုက မနှစ်ကနဲ့ အရေအတွက် အတူတူလောက်ပါပဲ။ ကွာခြားချက်ကတော့ ဒီနှစ်မှာ ဖြစ်လာတဲ့ လိပ်ပြာတွေက ပိုကြီးပါတယ်။ ရုပ်ထွက်လည်း ပိုလှတဲ့အတွက် ရှုစားဖို့ ပိုကောင်းနေပါတယ်။" ဟုကျင်ဖိန်ခရိုင် လိပ်ပြာပြတိုက် ညွှန်ကြားရေးမှူးချုပ် ရန်ကျိန့်ဝိန်က ပြောသည်။ ဤကဲ့သို့သော "လိပ်ပြာစုဝေးခြင်း" သည် နှစ်စဉ် မေလမှ ဇွန်လအထိ ဖြစ်ပွားလေ့ရှိသည်။ လိပ်ပြာသန်းပေါင်းများစွာတို့သည် ၎င်းတို့၏ပိုးအိမ်များမှ ထွက်လာပြီး "ပေါက်ကွဲမှုကြီး" မြင်ကွင်းတစ်ခု ဖြစ်လာသည်။ ကမ္ဘာပေါ်တွင် မှတ်တမ်းတင်ထားသော လိပ်ပြာမျိုးစိတ်ပေါင်း ၂၀,၀၀၀ ခန့်ရှိပြီး တရုတ်နိုင်ငံတွင် မျိုးစိတ်ပေါင်း ၂,၁၀၀ ခန့်ရှိကြောင်း၊ ကျင်ဖိန်ခရိုင် မအန်တီးကျေးရွာတွင် တည်ရှိသော "တရုတ် ဟုန်ဟယ်လိပ်ပြာချိုင့်ဝှမ်း"သည် မျိုးစိတ်ပေါင်း ၃၂၀ ကျော်ရှိပြီး လိပ်ပြာမျိုးစိတ်နှင့် လိပ်ပြာအရင်းအမြစ် ကမ္ဘာ့အပေါများဆုံးသော ဖြန့်ဖြူးပြန့်ပွားရေးဒေသတစ်ခု ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ကျင်ဖိန်ခရိုင် မအန်တီးကျေးရွာတွင် အမြင့်ပေကွာခြားမှု၊ သိသာထင်ရှားသော သုံးဖက်မြင်ရာသီဥတု၊ ကြွယ်ဝသော သစ်တောအရင်းအမြစ်များ၊ ပေါများသော မိုးရွာသွန်းမှုနှင့် အတော်အတန် ပကတိအတိုင်းဖြစ်သော ကညာသစ်တောကြီးများ ရှိသောကြောင့် အရာခပ်သိမ်း ကြီးထွားရှင်သန်ရန်အတွက် ကောင်းမွန်သော သဘာဝအခြေအနေများကို ပံ့ပိုးပေးကာ နောက်ဆုံးတွင် လိပ်ပြာအရင်းအမြစ်များဖြစ်လာသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်နေ့စဥ်သတင်းစာ၊ ဟုန်ဟယ်ပြည်နယ်ခွဲမီဒီယာစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး(မြန်မာနိုင်ငံသား)