သင်္ကြန်ပွဲတော်မှာ စားမယ်သောက်မယ် ။ ။ ပေါင်းတင်း (ကောက်ညှင်းကျည်တောင့်)

အရင်းအမြစ်:ယူနန်ပြည်နယ် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံတကာ ဒေသတွင်း ပြန်ကြားရေးစင်တာ   |    2024-04-26 18:46:40

ပေါင်းတင်း (ကောက်ညှင်းကျည်တောင့်)သည် ခရမ်းရောင်ကောက်ညှင်းနှင့် မြေပဲတို့ကို ဝါးထဲတွင် ထည့်ပြီး မီးမြိုက်ပေါင်းထားသော အစားအစာတစ်မျိုးဖြစ်ပေသည်။ ဝါးမွှေးရနံ့နှင့် ကောက်ညှင်းမွှေးရနံ့တို့ဖြင့် ရောစပ်‌နေသည်။

ပေါင်းတင်း (ကောက်ညှင်းကျည်တောင့်)၏ ပြုလုပ်နည်းမှာ ရှေးဦးစွာ ဝါးကို နှစ်ပိုင်း ဖြတ်ပြီး ဝါးခြမ်းကို အပေါက်တစ်ခုဖောက်ကာ ကောက်ညှင်းပေါင်းကို ရေဆေးထားသော ဝါးထဲသို့ ထည့်ခြင်းဖြစ်သည်။ ရေအနည်းငယ်ထည့်ပြီးနောက် ဝါးရွက်ဖြင့် အပေါက်များပိတ်ကာ မီးသွေးမီးပေါ် မီးမြိုက်ပြီးပေါင်းပြီး ရရှိလာသော ပေါင်းတင်း (ကောက်ညှင်းကျည်တောင့်)မှာ မွှေးကြိုင်လျက်ရှိပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်ပြည်နယ် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံတကာ ဒေသတွင်း ပြန်ကြားရေးစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး (မြန်မာနိုင်ငံသား)

သင်္ကြန်ပွဲတော်မှာ စားမယ်သောက်မယ် ။ ။ ပေါင်းတင်း (ကောက်ညှင်းကျည်တောင့်)