တရုတ်-မြန်မာ နယ်စပ် ယုံတယ်ခရိုင် မွန်တီးခြံတွင် သရက်ပန်းပွင့်များ ပွင့်နေ

အရင်းအမြစ်:ယုံတယ်ခရိုင်မီဒီယာစင်တာ   |    2024-03-12 18:38:39

နွေဦးရာသီ မတ်လတွင် လေပြေလေညင်းနှင့်အတူ ရာသီဥတု သာယာလှပနေပြီး သရက်ပန်းပွင့်များ ပွင့်လန်းလျက်ရှိပါသည်။ တရုတ်-မြန်မာ နယ်စပ် လင်ချန်းမြို့ ယုံတယ်ခရိုင် မွန်တီးခြံရှိ တရုတ်ဧက ၁၇,၀၀၀ ကျော်တွင် သရက်ပန်းပွင့်များ အပြိုင်အဆိုင် ပွင့်လန်းနေကြသည်။ သရက်ပင်များသည် သဘာဝအတိုင်း သာယာနွေးထွေးသော ရာသီဥတုကို နှစ်သက်ပြီး အအေးနှင့်နှင်းများကို သည်းမခံနိုင်ပေ။ မွန်တီးခြံသည် နေရောင်ခြည်နှင့် မိုးရေပေါများကြွယ်ဝသော နေရာတွင် တည်ရှိသည့်အတွက်ကြောင့် သရက်ပင် စိုက်ပျိုးရန် အလွန်သင့်လျော်ပါသည်။မွန်တီးခြံသည် ၁၉၈၀ ပြည့်နှစ် သရက်သီး စတင်စိုက်ပျိုးချိန်ကတည်းက ယနေ့တိုင် နှစ်ပေါင်း ၄၀ ကျော် သရက်သီးစိုက်ပျိုးရေးသမိုင်းကြောင်း ရှိပြီဖြစ်ပါသည်။ သရက်သီးစိုက်ပျိုးရေးလုပ်ငန်းမှာ ဒေသတွင်း ပြည်သူပြည်သားများ ချမ်းမြေ့သာယာစေသော လုပ်ငန်းနှင့် “ရွှေတံဆိပ်”ဖြစ်လာသည်။ သစ်သီးစိုက်ပျိုးရေးခြံထဲတွင် ချိုက်ယွမ်ဖိန်သည် သီးပင်စားပင်များ၏ ပန်းပွင့်များကို ချိုင်နေသည်။ “ဒီကာလမှာ သရက်ပင်ဟာ အပွင့်ရှည်ပြီး ကြီးတာကြောင့် သီးပင်စားပင်တွေရဲ့ အပွင့်ချိုင်တာကို အရှိန်မြှင့်တင်ဆောင်ရွက်နေပါတယ်။ အဲလိုမှ ချိုင်ပြီး အပွင့်မလျော့ရင် အာဟာရဓာတ်များစွာ ဆုံးရှုံးရတတ်တယ်”ဟု ၎င်းက ပြောသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ယုံတယ်ခရိုင်မီဒီယာစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး(မြန်မာနိုင်ငံသား)

တရုတ်-မြန်မာ နယ်စပ် ယုံတယ်ခရိုင် မွန်တီးခြံတွင် သရက်ပန်းပွင့်များ ပွင့်နေ