ပန်းမန်မြို့တော် ကူမင်းမြို့၏ နှစ်သစ်ကူးအကြိုပန်းများ အရောင်းရဆုံးကာလ ရောက်ရှိနေပြီ

အရင်းအမြစ်: ယူနန်နေ့စဥ်သတင်းစာ   |    2024-11-28 15:55:00

ယူနန်ပြည်နယ် ပန်းမန်ဈေးကွက်ရဲ့ အရောင်းရဆုံးရာသီကို ကျရောက်လာတော့မှာဖြစ်ပါတယ်။ အရောင်အသွေးတောက်ပပြီး အနက်အဓိပ္ပာယ်ကောင်းမွန်တဲ့ နှစ်သစ်ကူးအကြိုပန်းများဟာ အလှချင်းပြိုင်နေကြပြီး မြို့သူမြို့သားနဲ့ ခရီးသွားများလာရောက်ဝယ်ယူရန် ဆွဲဆောင်လျက်ရှိပါတယ်။

ယခုနှစ် ဒီဇင်ဘာလ လဆန်းပိုင်းကနေ လာမယ့်နှစ် တရုတ်မီးပုံးပွဲတော်ကာလအထိဟာ ပန်းမန်များ အရောင်းရဆုံးကာလဖြစ်ပါတယ်။ ပန်းတွေကို တရုတ်နိုင်ငံဒေသအသီးသီးထိ ရောင်းချရရုံသာမက ပြည်ပဈေးကွက်အထိလည်း ရောင်းချသွားမှာဖြစ်ပါတယ်။

ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်နေ့စဥ်သတင်းစာ
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး(မြန်မာနိုင်ငံသား)

ပန်းမန်မြို့တော် ကူမင်းမြို့၏ နှစ်သစ်ကူးအကြိုပန်းများ အရောင်းရဆုံးကာလ ရောက်ရှိနေပြီ