ယူနန်ပြည်နယ် ရွှေလီနယ်စပ်စက်မှုဇုန်တွင် စက်မှုဇုန်အကြောင်း မိတ်ဆက်ရှင်းလင်းပွဲကျင်းပခဲ့
မကြာသေးမီက ယူနန်ပြည်နယ် ရွှေလီနယ်စပ်စက်မှုဇုန်တွင် စက်မှုဇုန်အကြောင်း မိတ်ဆက်ရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။ အဆိုပါမိတ်ဆက်ရှင်းလင်းပွဲကို စက်မှုဇုန်၊ ရွှေလီမြို့ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဗျူရို၊ ရွှေလီမြို့စည်ပင်သာယာရေး ဝန်ဆောင်မှု စီမံခန့်ခွဲရေးဗျူရို၊ ရွှေလီမြို့ လူ့စွမ်းအား အရင်းအမြစ်နှင့် လူမှုဖူလုံရေးဗျူရိုတို့မှ တာဝန်ရှိသူများက စက်မှုဇုန်အတွင်းမှ ကုမ္ပဏီကိုယ်စားလှယ်များနှင့် ရွှေ့ပြောင်းလုပ်သားများနဲ့အတူ တစ်စုတစ်စည်းတည်း တက်ရောက်ခဲ့ကြပါတယ်။ မိတ်ဆက်ရှင်းလင်းပွဲမှာ ရွှေလီမြို့ရဲ့တည်နေရာ အားသာချက်၊ မူဝါဒအားသာချက်၊ ထိရောက်သော ဝန်ဆောင်မှုအရည်အသွေးများနှင့် နွေးထွေးပြီး လူသားဆန်သော စောင့်ရှောက်မှုများ၊ စက်မှုဇုန်တည်ဆောက်မှုကနေ ဒေသတွင်း လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသော အပြောင်းအလဲများ သယ်ဆောင်လာပေးမယ့် အကြောင်းအရာများကို လွတ်လပ်စွာဆွေးနွေးခဲ့ကြပါတယ်။
ရွှေလီနယ်စပ်စက်မှုဇုန် တည်ဆောက်ပြီးကတည်းက ဈေးကွက်အဖွဲ့အစည်းမျိုးစုံ အရေအတွက်ပေါင်း ၁၃,၀၀၀ ကျော်ဝင်ရောက်လာခဲ့ပြီး ဝန်ထမ်းဦးရေ ၂၀,၀၀၀ ကျော်အထိ ရှိပါတယ်။ အသစ်တိုးမှတ်ပုံတင်တဲ့ကုမ္ပဏီပေါင်း ၅၈၀ ကျော်ရှိပြီး ၎င်းတို့အနက် ၁၀၀ ကျော်က ကုန်ထုတ်လုပ်မှုကုမ္ပဏီများဖြစ်ပါတယ်။ စီးပွားရေးဆိုင်ရာအညွှန်းကိန်း အသီးသီးကလည်း ဆက်လက်တည်ငြိမ်စွာတိုးတက်လာပြီး ဒေသတွင်းစီးပွားရေးအတွက် မောင်းနှင်အား အခန်းကဏ္ဍက တစ်နေ့တခြား ပိုမိုထင်ရှားလာပါတယ်။
ဆောင်းပါးအရင်းအမြစ် ။ ။ ရွှေလီမြို့မီဒီယာစင်တာ
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး(မြန်မာနိုင်ငံသား)