Huawei HarmonyOS NEXT ကို တရားဝင် မိတ်ဆက်
တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းကိုယ်တိုင်တီထွင်သော မိုဘိုင်း operating system ဖြစ်သော HarmonyOS NEXT ကို အောက်တိုဘာလ ၂၂ ရက်နေ့တွင် တရားဝင် မိတ်ဆက်ခဲ့သည်။ အဆိုပါ operating system သည် Apple ၏ iOS စနစ်နှင့် Android စနစ်ပြီးနောက် ကမ္ဘာ့တတိယအကြီးဆုံး မိုဘိုင်းလည်ပတ်မှုစနစ်လည်းဖြစ်သည်။
မွေးရပ်မြေ HarmonyOS NEXT သည် ဘက်ထရီသက်တမ်း၊ လုံခြုံရေးနှင့် ကိုယ်ရေးကိုယ်တာကာကွယ်မှုဆိုင်ရာ နယ်ပယ်များတွင် ရှေ့တန်းတွင် တည်ရှိနေကြောင်း Huawei ၏ မန်နေဂျင်းဒါရိုက်တာ ယွီချန်တုန်းက ပြောကြားခဲ့သည်။
HarmonyOS NEXT သည် မိုဘိုင်းလ်ဖုန်း၊ တက်ဘလက်များနှင့် ကားလော့ခ်ခန်းများစသည့် အသုံးပြုစက်ပစ္စည်းများနှင့် အပြန်အလှန်ချိတ်ဆက်မှုကို လုပ်ဆောင်ပေးသည်။ ၎င်းအစည်းအဝေး၏ နောက်ဆုံးထွက်ရှိထားသော အချက်အလက်များအရ HarmonyOS NEXT အား ပံ့ပိုးပေးသည့် စက်ပစ္စည်းအရေအတွက်သည် လက်ရှိတွင် ၁ ဘီလီယံကျော်ရှိပြီး မှတ်ပုံတင်ထားသော developer ဦးရေမှာ ၆.၇၅ သန်း ရှိကြောင်း သိရသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ သိပ္ပံနည်းပညာနေ့စဥ်သတင်းစာ
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး(မြန်မာနိုင်ငံသား)