ပထမသုံးလပတ်တွင် တရုတ်-လာအိုရထားလမ်း၏ နိုင်ငံတကာ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ကောင်းမွန်လျက်ရှိ
အရင်းအမြစ်: ပြည်သူ့နေ့စဥ်သတင်းစာ |
2024-10-24 16:36:00
ကူမင်းအကောက်ခွန်ဌာန၏ စာရင်းအရ ယခုနှစ် ပထမသုံးလပတ်တွင် တရုတ်-လာအိုရထားလမ်းမှတစ်ဆင့် ပို့ဆောင်သည့် ပြည်ဝင်ပြည်ထွက်ခရီးသည် ၁၇၇၀၀၀ ဦးရှိပြီး သွင်းကုန်ပို့ကုန်တန်ဖိုး တရုတ်ယွမ် ၁၃.၈ ဘီလီယံ ရှိကြောင်း၊ အလားတူကာလထက် ၁၇၅.၆%၊ ၅၀.၅% အသီးသီးတိုးမြှင့်လာကြောင်း သိရသည်။
ခရီးသည်များအရင်းအမြစ်ဒေသမှာ နိုင်ငံနှင့်ဒေသ ၁၀၁ ခုထိ တိုးလာပြီး နိုင်ငံခြားကုန်စည်ပို့ဆောင်ရေးမှာ လာအို၊ ထိုင်း၊ စင်္ကာပူစသည့် နိုင်ငံ ၁၉ နိုင်ငံသို့ လွှမ်းခြုံထားသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ ပြည်သူ့နေ့စဥ်သတင်းစာ
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး(မြန်မာနိုင်ငံသား)