ယူနန်ပြည်နယ် ယုံယိမ်ခရိုင်တွင် တရုတ်ဧက ၄၀၀၀၀ ကျော်ရှိ ကုန်းပြင်မြင့်သရက်သီးများ၏ အထွက်နှုန်းကောင်းမွန်လျက်ရှိ

အရင်းအမြစ်:ဆင်ဟွာသတင်းဌာန   |    2024-10-24 16:34:00

လက်ရှိအချိန်တွင် ယူနန်ပြည်နယ် ကျဲ့လင်သရက်သီးစိုက်ပျိုးရေးအခြေစိုက်စခန်းတွင် တရုတ်ဧက ၄၀၀၀၀ ကျော်ရှိ သရက်သီးပင်များ ဝေဆာစွာ ရှင်သန်လျက်ရှိပြီး သရက်သီး၏ မွှေးရနံ့နှင့် ပြည့်နှက်လျက်ရှိပါသည်။

အဆိုပါအခြေစိုက်စခန်းတွင် အလုပ်သမားများသည် သရက်သီးများ ဆွတ်ခူးရန် အလုပ်များနေကြပြီး ရွေးချယ်ခွဲခြမ်းရေးစင်တာသို့ စဥ်ဆက်မပြတ် ပို့ဆောင်ရန် ပြင်ဆင်နေပါသည်။ ဤရွေးချယ်ခွဲခြမ်းရေးစင်တာ၌ အလုပ်သမားများသည် သရက်သီးများအား ရွေးချယ်ခွဲခြမ်းခြင်း၊ အိတ်စွပ်ခြင်းနှင့် ထုပ်ပိုးခြင်းစသည့်အလုပ်များ လုပ်ကိုင်ပြီးနောက် ကားပေါ်တင်၍ တရုတ်နိုင်ငံဒေသအသီးသီးသို့ တင်ပို့ရောင်းချသည်။

သရက်သီးသည် ဒေသခံရွာသူရွာသားများအား ဝင်ငွေတိုးများစေသော “ချမ်းသာမှုရွှေသစ်သီး”များဖြစ်လာပါသည်။ လက်ရှိအချိန်အထိ ချူရွှမ်းပြည်နယ်ခွဲ ယုံယိမ်ခရိုင်သည် သရက်သီး တရုတ်ဧကတစ်သောင်းကျော် စိုက်ပျိုးပြီး တစ်နှစ်လုံးအထွက်နှုန်းမှာ တန်ချိန် ၄၉၀၀၀ ကျော်ရှိပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ဆင်ဟွာသတင်းဌာန
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး(မြန်မာနိုင်ငံသား)

ယူနန်ပြည်နယ် ယုံယိမ်ခရိုင်တွင် တရုတ်ဧက ၄၀၀၀၀ ကျော်ရှိ ကုန်းပြင်မြင့်သရက်သီးများ၏ အထွက်နှုန်းကောင်းမွန်လျက်ရှိ