တရုတ်-မြန်မာ နယ်စပ်ရှိ ပေါင်စန်းပြည်နယ်ခွဲတွင် ချမ်းနင်သစ်ကြားသီးဟင်းလျာများ အတူမြည်းစမ်းကြစို့
အရင်းအမြစ်:ချမ်းနင်ယဥ်ကျေးမှုနှင့် ခရီးသွားညွှန်ကြားရေးဌာန |
2024-09-19 15:41:40
တရုတ်-မြန်မာ နယ်စပ်ရှိ ပေါင်စန်းပြည်နယ်ခွဲ ချမ်းနင်ဒေသမှ ထွက်ရှိသော သစ်ကြားသီးသည် ခရီးသွားဧည့်သည်များကို အလွန်ဆွဲဆောင်သော အသီးတစ်မျိုးဖြစ်ပါသည်။ ဤဒေသတွင် လတ်ဆတ်သော သစ်ကြားသီးစေ့(သို့) မွှေးကြိုင်သော သစ်ကြားသီးခြောက်များကို အလွယ်တကူ ရနိုင်ပါသည်။
ဒေသခံများသည် သစ်ကြားသီးကို အသုံးပြု၍ သစ်ကြားသီးဟင်းလျာများ ချက်ပြုတ်ပြီး ခရီးသွားဧည့်သည်များကို ဧည့်ခံကျွေးမွေးကြပါသည်။ ထင်ရှားသော သစ်ကြားသီးဟင်းလျာများမှာ သစ်ကြားသီးပျားရည်သုတ်၊ သစ်ကြားသီးကြက်ပေါင်း၊ သစ်ကြားသီးဟင်းချို၊ သစ်ကြားသီးကြော်၊ သစ်ကြားသီးသတ်သတ်လွတ်ကြော်၊ သစ်ကြားသီးနှင့် အခြားသော အသားကြော်၊ အရွက်ကြော်များသည် လူကြိုက်များသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ ချမ်းနင်ယဥ်ကျေးမှုနှင့် ခရီးသွားညွှန်ကြားရေးဌာန
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး (မြန်မာနိုင်ငံသား)