တရုတ်-မြန်မာနယ်စပ်ရှိ ရာစုနှစ် သမိုင်းကြောင်းရှိသော စက္ကူထုတ်လုပ်မှုနည်းပညာ၏ "သက်ရှိရုပ်ကြွင်း"
အရင်းအမြစ်:ကိန့်မခရိုင်မီဒီယာစင်တာ |
2024-08-30 20:38:09
တရုတ်-မြန်မာနယ်စပ် လင်ချန်းမြို့ မွန်တင့်မန်ထန်တိုင်း(ရှမ်း)လူမျိုးတို့၏ စက္ကူထုတ်လုပ်မှုနည်းပညာသည် နှစ်ပေါင်း ၆၀၀ ကျော် သမိုင်းကြောင်းရှိပါသည်။ ဤလက်မှုအတတ်ပညာကို ၂၀၀၆ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ပထမဆုံးသော အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသည်။
မန်ထန်ကျေးရွာသည် တိုင်း(ရှမ်း)၊ ဟန်နှင့် ဝ တိုင်းရင်းသားလူမျိုးတို့ မှီတင်းနေထိုင်သော ကျေးရွာဖြစ်ပြီး တိုင်း(ရှမ်း)လူမျိုးသည် စုစုပေါင်း လူဦးရေ၏ ၉၀% ရှိသည်။ ၎င်းသည် ကြွယ်ဝသော ချည်ဖြူစက္ကူထုတ်လုပ်ခြင်းကြောင့် ကျော်ကြားပြီး "တရုတ်နိုင်ငံတိုင်း(ရှမ်း)လူမျိုး၏ ပထမဆုံး စက္ကူလုပ်သည့်ကျေးရွာ" ဟူသော နာမည်ဂုဏ်သတင်းကို ရရှိခဲ့သည်။
ဆောင်းပါးအရင်းအမြစ် ။ ။ ကိန့်မခရိုင်မီဒီယာစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး (မြန်မာနိုင်ငံသား)